တိုက်ပွဲ

845 138 8
                                    

သာယာအေးချမ်းတဲ့မနက်ခင်းတစ်ခု။

ဆိတ်ငြိမ်နေတဲ့လူကုံထံအသိုင်းအဝိုင်းများနေထိုင်ရာ ဗြောင်မျိုးရိုးအိမ်တွင် သီချင်းလေးခပ်တိုးတိုးညည်းရင်းမျက်နှာပေါ်လူလုပ်ဖန်တီးထားတဲ့လှပခြင်းတွေချယ်မှုန်းနေသော
မဒမ်ဂျန်း။

Ring~~~

"အမလေး!"

အာမေဋိတ်အသံနဲ့အတူ နှုတ်ခမ်းပေါ်နေရာယူထားတဲ့ပန်းနုရောင်နှုတ်ခမ်းနီတောင့်က နှုတ်ခမ်းထောင့်ကနေပါးပေါ်အထိ 3စင်တီမီတာလောက်ရှည်တဲ့အကြောင်းကြီးတစ်ကြောင်းဖြစ်ပေါ်လို့သွားစေတယ်။

"သွားပါပြီ"

တစ်ရှုးကိုမြန်မြန်ယူပြီးပါးပေါ်ကနှုတ်ခမ်းနီတွေဖျက်နေတဲ့အချိန်ထိ တစ်ဖက်ကဖုန်းခေါ်သူကဇွဲရှိရှိနဲ့ကိုခေါ်ဆိုနေတုန်းပင်။

"ဟယ်လို"

"မင်္ဂလာပါသူဌေးကတော်မတွေ့တာကြာပြီနော်"

တစ်ဖက်ကသက်လတ်ပိုင်းအရွယ်ယောကျာ်းအသံက မဒမ်ဂျန်းရဲ့မျက်ဝန်းတွေကျဥ္းမြောင်းသွားတဲ့အထိစွမ်းဆောင်နိုင်ပါသည်။

"မာထက်??"

"ဟားဟားဟား မဒမ်ဂျန်းကအသံကြားတာနဲ့မှတ်မိနေသားပဲ။ ဒါဆိုအခြေအနေကမဆိုးဘူးပြောရမယ်"

"ငါမပြောခဲ့ဘူးလား ငါကပဲဆက်သွယ်မယ် ငါ့ကိုမဆက်သွယ်ပါနဲ့လို့"

"ကျွန်တော်လဲမဆက်သွယ်ချင်ပါဘူးသူဌေးကတော်ရယ် ဒါပေမယ့်ပြက္ခဒိန်ကမနေဘူးလေ ဒီနေ့ဘာနေ့လဲဆိုတာသူဌေးကတော်မှတ်မိပါတယ်နော်"

"ငါသိတယ် မင်းစိတ်ပူစရာမလိုဘူး။ မဟုတ်တောင်ဒီနေ့လည်ခင်းငါဆက်သွယ်မလို့ပဲ"

"ဒါဖြင့်ရင်တော့ဝမ်းသာပါတယ်ဗျာ။ ကတိတည်တဲ့သူဌေးကတော်လိုလူမျိုးနဲ့အလုပ်တွဲလုပ်ရတာအရမ်းအဆင်ပြေတာပဲ ဟားဟားဟား"

မာထက်ဆိုသူကရပ်ကွက်တွေထဲငွေတိုးချေးစားတဲ့သူဖြစ်သလို ငွေရမယ်ဆိုရင်ဘာမဆိုလုပ်တဲ့သူပင်။မဒမ်ဂျန်းလိုလူမျိုးနဲ့ မာထက်နဲ့ဘယ်လိုအကြောင်းကြောင့်ပတ်သက်ရတယ်ဆိုရင် တွေ့ဆုံပွဲကသူဌေးကတော်​ေတွရဲ့အဆွယ်ကောင်းမှုနဲ့ ကဒ်ကစားဝိုင်းကိုလိုက်သွားရာကစတယ်။

PROJECT BWhere stories live. Discover now