နောက်ဆုံးဗားရှင်း

785 118 13
                                    

"ရည်းစားလေးတစ်ယောက်တော့ လိုချင်တာပေါ့~~"

တင်ပါးလေးကိုဘယ်ပစ်လိုက်ညာပစ်လိုက်နဲ့အပီပြင်ဟဲနေတဲ့ဘတ်ခ်ဟျွန်းက သူ့ကိုယ်သူရေချိုးခန်းထဲရောက်နေတယ်ဆိုတာကိုမေ့သွားပုံရတယ်။

ရေစိုနေတဲ့ကောက်ကြောင်းအလှက အရည်ရွှမ်းနေတဲ့ပန်းနုရောင်မက်မွန်သီးလေးအလား မြင်ရသူအပေါင်းသရေကျတော်မူစေမယ့်အလှမျိုးပေမယ့် တံခါးအလုံပိတ်ထားတဲ့အပြင် လိုက်ကာပါဆွဲစေ့ထားတာကြောင့် ကြွက်တစ်ကောင်ကြောင်တစ်မှီးတောင်မြင်လိုက်ရမယ့်ပုံမပေါ်။

"တူတူတူတူတူ! တာဒါဒါဒါဒါဒါး ဝါး~ လန်းသွားတာပဲ"

ခေါင်းပေါ်ကဆံပင်ပေါ်မှာကပ်နေတဲ့ရေမှုန်ရေမွှားတွေကို ခွေးပေါက်စလေးတွေလိုခါထုတ်လိုက်ပြီး တဘတ်ကိုကောက်ဆွဲကာရေသုတ်ပြီးတာနဲ့ ဖလားဖလားနဲ့ပြေးချသွားတာ လေထဲမှာလွင့်နေတဲ့ ပန်းပွင့်လေးအတိုင်း။

"ဝါး တယ်ကြည့်ကောင်းပါလား။ ဒါဘယ်သူလေးလဲ"

မကြာခင်တက္ကသိုလ်ဝင်ခွင့်အောင်စာရင်းတွေသိရတော့မှာဖြစ်တာကြောင့် ဘတ်ခ်ဟျွန်းတို့က မင်းသားလေးဂုဏ်ပုဒ်နဲ့အညီ ဆံပင်အရောင်ရော ပုံစံပါပြေးပြောင်းထားတာနဲ့တင်မပြီးသေး တစ်ရက်ကိုမှန် တစ်ရာငါးဆယ့်ခြောက်ခေါက်လောက်ကြည့်ဖို့တာဝန်ပါတိုးလို့လာတယ်။

သူ့ကိုယ်သူတော့မောရှီးဆောတဲ့ရုပ်ချောချောဘဲကြီးစတိုင်လ်လို့ထင်နေပေမယ့် တကယ့်တကယ်က golden ပေါက်လေးလိုချစ်ဖို့ကောင်းနေတာတော့မသိရှာ။

"အဟမ်းဟမ်း ဒီနေ့ကတော့ ရည်းစားပိုးနည်း နည်းအဖြာဖြာထဲက top listကိုလုပ်သွားမှာပါ။ ဖလစ်ရှင်လေးအောင်မြင်ပါစေလို့ဆုတောင်းပါတယ်"

ကင်မရာလေးထောင်ပြီးကိုယ့်ကိုကိုယ်အားပေးပြီးတာနဲ့ Print ထုတ်ထားတဲ့စာရွက်ကြီးကိုင်ပြီး အိမ်အောက်ကိုပြေးဆင်းလို့သွားပြန်တယ်။

"အန်တီမာ"

"ဟော ဘတ်ခ်ဟျွန်းနီးလေး နိုးလာပြီလား"

"သားမနေ့ညကမှာထားတာတွေပြင်ထားပေးလားဟင်"

"အဆင်သင့်ပါပဲရှင်"

PROJECT BWhere stories live. Discover now