ယုံကြည်မှုပျက်ပြားခြင်းနှင့်ရန်သူ

695 97 18
                                    

*ဘူဘူးသတိပေးချက်

ချစ်စဖွယ်လေးကဗြောင်ဖေဖေရဲ့အချောဆွဲထားခြင်းခံရတာကြောင့် ချန်းယောလ်မှာ အလုပ်တွေပြီးရင် 'ရှီအန်း´ စံအိမ်ကိုပဲပြန်နေဖြစ်တာ 1ပတ်ပင်ပြည့်လေပြီ။

"ဟိုင်း ဥက္ကဌ"

ထမင်းစားခန်းထဲမှာရှိနေတဲ့ဟယ်ဘင်းက
ချန်းယောလ်ပြန်လာတာမြင်တော့ ပေါ့ပေါ့ပါးပါးပဲနှုတ်ဆက်လာတယ်။

"အခုတလော အိမ်ကိုပြန်လာရတာသဘောကျနေတယ်နဲ့တူတယ်။ ဒိတ်တွေဘာတွေမလုပ်ဘူးလား"

"အချိန်မရှိဘူး"

အိမ်တော်ထိန်းထည့်ပေးလာတဲ့သောက်ရေတစ်ခွက်ကိုသောက်ပြီး လှည့်အထွက်မှာပဲ ဟယ်ဘင်းလက်ထဲက တစ်စုံတစ်ရာကချန်းယောလ်ရဲ့အကြည့်တွေကိုဖမ်းစားသွားတယ်။

"ဒီဟာကဘယ် brand ကထုတ်တာလဲ"

"အာ ဒါလား"

ဟယ်ဘင်းက သေသေသပ်သပ်လုပ်ထားတဲ့ တစ်နည်း ချန်းယောလ်ရုံးခန်းထဲကဘူးလေးနဲ့တူတဲ့ ဘူးလေးကိုရှေ့တိုးပေးလာတယ်။

"မာမီ့ရဲ့ထုတ်ကုန်လေ 'The H´ က ဟာ။ ပစ္စည်းမိတ်ဆက်မလုပ်သေးပေမယ့် စစ်ဆေးမှုတွေအကုန်ပြီးသွားပြီ။ အရသာစမ်းကြည့်ဖို့ယူလာခဲ့တာ ဥက္ကဌတော့သုံးဆောင်လို့ရမယ်မထင်ဘူး"

"ဘာလို့လဲ"

"ဒီတစ်ခုက မြေပဲထောပတ်အရသာလေ။ အရသာ 6မျိုးရှိတယ်လို့တော့ပြောတယ် နောက်တစ်ခါပို့ခိုင်းလိုက်မယ်"

"ကျေးဇူး"

ချန်းယောလ်လှည့်ထွက်လာပြီးတဲ့နောက်မှာ အတွင်းရေးမှူးစီကိုဖုန်းခေါ်ရင်း အခန်းထဲလျှောက်ဝင်လို့သွားတယ်။

"လွန်ခဲ့တဲ့နှစ်ပတ်အတွင်း ငါ့စီကိုပို့လာတဲ့လက်ဆောင်ပစ္စည်းစာရင်းလိုချင်တယ်"

ပုံမှန်အားဖြင့် လက်ဆောင်တွေကိုစီမံတာက အတွင်းရေးမှူးရဲ့အလုပ်ပင်။လုပ်ငန်းကြီးဖြစ်တာကြောင့် ပေးပို့လာတဲ့ပစ္စည်းနဲ့အမည်စာရင်းကိုသေချာမှတ်ထားသလို ဥက္ကဌကလည်းဒီကိစ္စကိုအထူးတလည်လုပ်မနေ။ ဥက္ကဌအတွက်အသုံးလိုမယ်ထင်တာတွေကိုရွေးထုတ်ပြီး ကျန်တာကတော့ အတွင်းရေးမှူးစီမံခန့်ခွဲရတာပင်။

PROJECT BWhere stories live. Discover now