အနာဂတ်ယောက္ခမနဲ့တွေ့ဆုံခြင်း

792 128 26
                                    

ချန်းယောလ်ရဲ့ဖွင့်ပြောမှုအပြီးမှာချက်ချင်းခေါင်းငြိမ့်လိုက်တဲ့ဘတ်ခ်ဟျွန်းကအခုဆိုရင်
ချန်းယောလ်ရဲ့လက်ဆိုင်သူအလောင်းလျာလေးဖြစ်လို့နေသလို ပုံမှန်ဆက်ဆံရေးကနေခြေတစ်လှမ်းတိုးလာနိုင်ခဲ့တယ်။

ခံစားချက်တွေကိုဆန်းစစ်ဖို့ပြောပေမယ့် နောက်ဆုံးမှာသူနဲ့မှအကြောင်းမပါရရင် တစ်လောကလုံးကိုစိတ်ပတ်ကောက်ပြီး ထင်တိုင်းကြဲပစ်မယ်ဆိုတဲ့​ဘေဘီဟျွန်းဟျွန်းနီးက တွဲနေတဲ့ဆက်ဆံရေးမှာပေမယ့် သူကတစ်စက်ကလေးမှအားမလျှော့သွားပဲ တွဲနေတဲ့ရည်းစားကိုထပ်ပိုးဖို့အမြဲစဥ္းစားနေခဲ့တာပင်။

အခုလည်းချန်းယောလ်ဒီထက်ပိုပြီးပွင့်လင်းလာအောင်ဘယ်လိုစွမ်းဆောင်ရမလဲဆိုတဲ့ မဟာဗျူဟာကြီးကိုစဥ္းစားလို့နေရဲ့။

"အာ မေ့နေတာ '100´မှာ တိုက်ရိုက်ထုတ်
လွှင့်မယ်လို့ကတိပေးထားတာကို"

'100´ဖိုရမ်ရဲ့ နာမည်ကြီး မင်းသားလေးက 2လတစ်ခါဒါမှမဟုတ် နွေရာသီပိတ်ရက်တို့ အားလပ်ရက်ရတဲ့အချိန်မျိုးမှာ တိုက်ရိုက်ထုတ်လွှင့်ပြီးစကားစမြည်ပြောလေ့ရှိတယ်။

အခုတော့အခန်းမီးလေးကိုဖွင့် သောက်စရာနဲ့ စားစရာလေးတွေကိုနေရာချပြီးတဲ့အခါမှာ ဖုန်းလေးကို standပေါ်ဆင်ပြီး တိုက်ရိုက်ထုတ်လွှင့်မှုကိုစတင်လိုက်တယ်။

"ဟယ်လို ဟယ်လို~"

သင့်သူငယ်ချင်း'မင်းသားလေး´က တိုက်ရိုက်ထုတ်လွှင့်မှုစတင်နေပါပြီ။ ကြည့်ရှုရန် တိုက်ရိုက်ထုတ်လွှင့်ခန်းသို့သွားပါ။

သိပ်မကြာခင်မှာကြည့်ရှုသူဦးရေဟာထောင်ကျော်အထိမြင့်မားလာခဲ့တယ်။

"ဟယ်လို မတွေ့တာကြာပြီနော် ဒီအတောအတွင်းကျန်းကျန်းမာမာနဲ့ပျော်ပျော်ရွှင်ရွှင်ရှိကြရဲ့လား"

ဘူးချွန်းကပန်းပွင့်ကလေး:ငါတို့မင်းသားလေးလာပြီဟေး။

ဘူးသီးလေး:အူဝါးအူဝါး အရမ်းလွမ်းနေတာမင်းသားလေးကို။

"ဒီနေ့ဘာပြောကြမလဲ ဂိမ်းလေးဆော့ကြမလား"

PROJECT BWhere stories live. Discover now