အခန်းနံပါတ်106

727 107 25
                                    

*ဘူဘူးသတိပေးချက်!

"ဒူဒူဒူ့ ဒူ ဒူဒူ~"

ဒီအသံကြားလိုက်တာနဲ့အဆောင်နေကျောင်းသားတိုင်း လုပ်လက်စအလုပ်တွေသိမ်း၊ လျှပ်စစ်သုံးဟင်းချက်ကိရိယာတွေကုတင်အောက်ထဲထိုးထည့်ပြီး ဖုတ်ဖတ်ခါကာ အခန်းရှိလူဦးရေအတိုင်းကွက်တိဖြစ်နေရပေသည်။

ဒါကတော့ဗုဒ္ဓဟူးနေ့တိုင်းအိပ်ဆောင်စစ်
သည့်အချက်ပေးသံပင်ဖြစ်သည်။ဘွဲ့လွန်ဂုဏ်ထူးတန်း၊ဒေါက်တာတန်း ကျောင်းသားများရဲ့အိပ်ဆောင်များမှလွဲရင် ကျန်တဲ့ဘွဲ့ကြိုကျောင်းသားတွေရဲ့အိပ်ဆောင်တွေကအမြဲလူစစ်တက်သလို ပထမနှစ်ကျောင်းသားလေးများဆိုရင်တော့စည်းကမ်းပိုတင်းကြပ်လေ့ရှိသည်။

စံတော်ချိန်နာရီ10နာရီခွဲ၊ အချက်ပေးသံကြားပြီး 15မိနစ်အကြာမှာတော့ အဆောင်တာဝန်ခံနဲ့အတူ အဆောင်မှူးက အခန်းထဲကကျောင်းသားတွေလူစုံမစုံလိုက်လံစစ်ဆေးလေသည်။

"အခန်းနံပါတ် 106"

အခန်းပေါက်ဝလေးမှာရပ်နေတဲ့ဘတ်ခ်ဟျွန်းတို့သုံးယောက်လုံး လူပြည့်ကြောင်းစစ်ဆေးအပြီးမှာတော့ သက်ပြင်းကိုယ်စီချပြီး အခန်းထဲခပ်မြန်မြန်ပဲပြန်ဝင်လာကြတယ်။

လုပ်လက်စတွေမပြီးသေးဘူးလေ အချိန်ကိုအကျိုးရှိရှိအသုံးချရမယ်။

ဘာတွေအလုပ်ကြီးအကိုင်ကြီးလုပ်နေလဲဆိုရင်တော့ သုံးယောက်သား အရောင်တူထပ်ရတဲ့ကဒ်ဂိမ်းဆော့နေတာပင်။

ယွန်းချန်းရဲ့အိပ်ယာကိုလှန်လိုက်တဲ့အခါမှာ သံပုရာသီးစိပ်တွေထည့်ထားတဲ့ဘူးတစ်ခုနဲ့အတူ ဆော့လက်စ အရောင်စုံကဒ်တွေကပေါ်လို့လာလေသည်။

"မြန်မြန်လုပ် ငါနိုင်တော့မှာ"

ယန်းသခင်လေးကပြောလေတော့ ဘတ်ခ်
ဟျွန်းက မျက်လုံးမှေးစင်းပြီးကြည့်တယ်။ 'ဟုတ်ကောဟုတ်လို့လား´ ဆိုတဲ့အကြည့်တွေနဲ့ပေါ့။

ဘယ်သူမှမသိဘူး အချက်ပေးသံမြည်တုန်းက တိတ်တိတ်ကလေးခိုးကြည့်ထားတာလေ။ အဲ့တော့ဘယ်လိုလုပ်အနိုင်ပေးရမလဲနော့။

"ဟာ...."

"ငါနိုင်ချင်တာလို့"

ထင်တဲ့အတိုင်းပါပဲ ဘေဘီဟျွန်းဟျွန်းနီးလေးက အနိုင်ရရှိသွားလေရဲ့။

PROJECT BWhere stories live. Discover now