သူဌေးပေါက်စ

728 103 5
                                    

ကိစ္စတွေရှုပ်ထွေးပြီးသွားတဲ့အချိန်မှာ သွေးသားဆိုတဲ့စကားလုံးကိုဘေဘီဟျွန်းဟျွန်းနီးက မေ့ဖျောက်ဖို့ကြိုးစားနေတဲ့အချိန်မှာ ချန်းယောလ်ကဘေးကနေဖေးမပြီး လက်တွဲဖော်ဆိုတဲ့ဂုဏ်ပုဒ်ကလေးနဲ့မိသားစုဆိုတဲ့နွေးထွေးမှုလေးကိုဖောဖောသီသီပေးအပ်လာတယ်။

နှစ်ဦးသားနေထိုင်ရာအိမ်လေးက တစ်ဖက်ကလိုအပ်နေတဲ့ကွက်လပ်တွေကိုဖြည့်ဆည်းပေးနိုင်တဲ့ မေတ္တာရိပ်မြုံလေး။

အရိပ်တကြည့်ကြည့်နဲ့မျက်စိအောက်ကကိုအပျောက်မခံတာကြောင့် ချန်းယောလ်ဘေးမှာ ဘတ်ခ်ဟျွန်းဆိုတဲ့ချစ်စဖွယ်လေးက ခိုအားလားလေးအလား တွယ်ကပ်လို့။

ဗြောင်ဖေဖေကဗီတိုအာဏာတွေထုတ်သုံးပေ
မယ့် စိတ်ဓာတ်ပြတ်သားလွန်းတဲ့သားဖြစ်သူကိုတော့မဖိနှိပ်နိုင်ခဲ့။ အဲ့ဒီအစား ယောက္ခမဟောင်းနဲ့ဆက်ဆံရေးဟာ ပိုလို့ပင်ဆိုးဝါးလို့သွားခဲ့တယ်။

အရင်တည်းက'ချောင်အန်း´ အိမ်တော်က ဗြောင်မျိုးရိုးတွေကိုကြိုဆိုဖို့မတွေးခဲ့တာ အခုဆိုရင် ဗြောင်အငယ်လေးဘတ်ခ်ဟျွန်းမှလွဲ၍ မည်သူမှ 'ချောင်အန်း´ ကနေမကြိုဆိုဘူးလို့တရားဝင်ကြေငြာလိုက်ပြီး ဆက်ဆံရေးကိုဖြတ်တောက်လိုက်တယ်။

"လာပါဦး အဖိုးရဲ့သနားစရာမြေးလေး"

လက်ကလေးနှစ်ဖက်ကိုကိုင်ပြီး အဖိုးဖြစ်သူက သနားဂရုနာသက်စွာကြည့်လာတယ်။

"သေသေချာချာမစောင့်ရှောက်ပေးနိုင်ခဲ့လို့ ဒုက္ခများခဲ့ရပြီကွယ်"

"ဖိုးကြီးကြီးရယ်သားဘာမှမဖြစ်ပါဘူး။ပြီးတော့ ကျေးဇူးတင်ရမယ့်သူကဟိုဘက်မှာရှိနေတာ သားကိုပဲဒီလိုဂရုစိုက်နေရင်သူစိတ်ကောင်းပါ့မလား"

"ဟုတ်တာပေါ့ ဟုတ်တာပေါ့။ မောင်ရင်ချန်းယောလ် ကျေးဇူးပါကွာ။ အိမ်ကမြေးလေးကိုစောင့်ရှောက်ပေးလို့"

ခါးမတ်မတ်ထားကာခန္ဓာကိုယ်တဖြောင့်တည်းအတိုင်းထိုင်နေတဲ့ချန်းယောလ်က 'ချောင်အန်း´ အကြီးအကဲရဲ့ကျေးဇူးတင်စကားကိုလက်ခံယူတယ်။

"ဒါကကျွန်တော့်တာဝန်တွေပါ။ ကြီးကြီးမားမားဖြစ်မသွားတာနဲ့တင်ကံကောင်းလှပါပြီ"

PROJECT BWhere stories live. Discover now