မွေးနေ့ Surprise! [အချပ်ပို]

476 57 4
                                    

ကလေးများနေ့အထိန်းအမှတ်အဖြစ်
'ရှီအန်း´ ကရင်းနှီးမြုပ်နှံမှုအသစ်တွေနဲ့ပွဲလမ်းသဘင်တွေကို အကောင်းမွန်ဆုံးအရည်အသွေးတွေနဲ့ကျင်းပစီစဥ္ခဲ့တယ်။ဒါတင်မဟုတ်သေး 'ဗြောင်´ လုပ်ငန်းစုရဲ့နည်းပညာပိုင်းဆိုင်ရာထုတ်ကုန်အသစ်တွေကလဲလူထုနဲ့စတင်ထိတွေ့တဲ့နေ့လဲဖြစ်တယ်။

ဥက္ကဌဖြစ်သူကိုယ်တိုင်တက်ရောက်တဲ့ပွဲဖြစ်သလို အားလုံးရဲ့နာမည်ကြီးအချစ်တော်လေးဖြစ်တဲ့ ဒုဥက္ကဌတစ်ဖြစ် ဥက္ကဌရဲ့အမျိုးသားလေးကတော့ဒီနေ့လူတိုင်းတွေ့ချင်နေကြတဲ့ဇာတ်လိုက်လေးပင်။

"ဒါလင် ဘေဘီ့ကိုကြည့်ပေးပါဦး ကြည့်လို့ကောင်းရဲ့လားလို့"

"ဘေဘီကကိုယ့်မျက်လုံးထဲမှာထာဝရကြည့်အကောင်းဆုံးသောနတ်သားလေးပဲ"

"ဟော! ဒီလူကြီး နှလုံးသားလေးအပိုင်ပေးထားပြီးသားမလို့ထပ်ခိုးလို့မရတော့ဘူးနော်"

"ဘေဘီ့အလိုကျပါဗျာ"

ဘေဘီဟျွန်းဟျွန်းနီးလေးက နှုတ်ခမ်းလေးတစ်ချက်ဆူပြကာလေထဲကနေအနမ်းလေးတစ်ပွင့်လှမ်းပစ်လိုက်ပြီး မှန်ရှေ့နောက်တစ်ပတ်ထပ်
လှည့်ကြည့်ပြန်တယ်။

ပါဖက်! ဒီလောကမှာဘေဘီဟျွန်းဟျွန်းနီးနောက် ဒါလင်နဲ့လိုက်ဖက်တဲ့သူမရှိဘူး။

ဒီလိုဂုဏ်ယူလို့မဆုံးဖြစ်နေတဲ့ပုံရိပ်လေးက မကြာခင်မှာပဲပွဲထဲက ကလေးများနေ့အထူးအစီ
စဥ္မှာကလေးတွေနဲ့အပြိုင်ဝင်ဆော့နေတာကိုတော့ခဏလောက်မသိချင်ယောင်ဆောင်ထားပေးလိုက်ကြရအောင်။

"မွေးနေ့အတွက်ကြိုတင်ဂုဏ်ပြုပါတယ် ဒုဥက္ကဌ"

အို! ဟုတ်သား မွေးနေ့ မွေးနေ့။ နေပါဦး ငါ့ယောကျာ်းကဒီနှစ်မွေးနေ့မှာဘာလို့ငြိမ်နေရတာလဲ။

"ယဥ္ကျေးနေစရာမလိုပါဘူး။ လုပ်စရာရှိတာလုပ်ကြပါ"

လုပ်ပါဦး တစ်ယောက်တည်းရှိတဲ့သူ့အမျိုးသားရဲ့မွေးနေ့ကိုတော့မေ့သွားတာမဟုတ်ပါဘူးနော်။

ဒီအတွေးတွေကအိမ်ပြန်တဲ့အချိန်ထိတစ်ဝဲလည်လည်နဲ့ပါလာခဲ့တာ သွားလဲဒီစိတ်၊ လာလဲဒီစိတ်ပဲ။

PROJECT BWhere stories live. Discover now