ဆက်ရန်မရှိ

776 114 4
                                    

နေ့တိုင်းနေ့တိုင်း မနက်အစောဆိုပြင်ဆင်ပြီးထွက်ထွက်သွားတက်တဲ့မိန်းမဖြစ်သူကို ဗြောင်သူဌေးစောင့်ကြည့်နေတာ တော်တော်ကြာပြီပင်။

သားတော်မောင်ကအမြင်မကြည်တာမို့အကောင်းမမြင်တာလားဆိုပြီးယုံတစ်ဝက်မယုံတစ်ဝက်ဖြစ်ခဲ့ရသမျှ အခုတော့ကိုယ်တိုင်ပင်အနောက်ကနေနောက်ယောင်ခံလိုက်နေရပြီ​ြဖစ်သည်။

"H gallery"

ဆင်ခြေဖုံးရပ်ကွက်မှာရှိတဲ့ဟန်လုပ်ငန်းစုပိုင် 'H gallery´ ကနာမည်ကြီးလှပါသည်။ ဇနီးဟောင်းနဲ့ပက်သက်ပြီး ပန်းချီလောကပြခန်းတစ်ခွင်ရင်းနှီးလာခဲ့တာကြောင့်စိမ်းသက်မနေ။

မဒမ်ဂျန်းကတော့ပေါ့ပေါ့ပါးပါးပဲ 'H gallery´ ထဲသို့ဝင်သွားတော့သည်။

"ကြိုဆိုပါတယ် ဘာများအကူအညီပေးရမလဲမဒမ်"

"ပန်းချီကားရောင်းဖို့အတွက် အရောင်းအဝယ်ကဏ္ဍကိုကြိုတင်စာရင်းပေးထားပါတယ်"

"စစ်ဆေးကြည့်ဖို့အတွက်နာမည်လေးတစ်ချက်လောက်ပါမဒမ်"

"ဂျန်းဟွာရင် ပါ"

ဝန်ထမ်းလေးကကွန်ပြူတာမျက်နှာပြင်ပေါ်က အမည်စာရင်းကိုတစ်ချက်စစ်ဆေးပြီးနောက်မှာ မဒမ်ဂျန်းက ဧည့်တွေ့နေရာကိုခေါ်ဆောင်သွားခြင်းခံရပြီဖြစ်သည်။

"မင်္ဂလာမဒမ်"

"မင်္ဂလာပါ"

"အရောင်းအဝယ်အတွက်ပြောထားတဲ့ပန်းချီကားကို ကျွန်မတို့သူဌေးကသဘောကျတဲ့အတွက် ကိုယ်တိုင်စကားပြောကြည့်ချင်ပါတယ်တဲ့မဒမ်။ မဒမ်ဘက်ကအဆင်ပြေမပြေသိခွင့်ရှိမလားရှင်"

မဒမ်ဂျန်းကဒီကိုငွေရှာဖို့သာလာခဲ့ပေမယ့် အခုလိုသူဌေးနဲ့တွေ့ရဖို့အကြောင်းဖန်လာတော့ သူမကစိတ်မလှုပ်ရှားပဲမနေနိုင်။

"အဆင်ပြေပါတယ်"

"ဒါဆိုလက်ဖက်ရည်လေးသုံးဆောင်ပြီး အချိန်လေးခဏလောက်ပေးဖို့မေတ္တာရပ်ခံပါတယ်"

"ကောင်းပါပြီ"

မကြာပါ ကျော့ရှင်းနေတဲ့အသွင်ပြင်ဆင်ဝတ်စားထားတဲ့ကျက်သရေရှိအမျိုးသမီးက တစ်လှမ်းချင်းလှမ်းကာဝင်ပြီး အတွင်းရေးမှူးလေးကတော့တံခါးဖွင့်ပေးပြီးဘေးမှာရပ်တန့်လို့နေတယ်။

PROJECT BWhere stories live. Discover now