စိတ်အကြီးကြီးကောက်နေတာပါနော်

856 120 26
                                    

ကိုယ်ဟန်ပြအသင်းရဲ့ပြင်ပလှုပ်ရှားမှုက ယွန်းချန်းအတွက်တင်မက ဘတ်ခ်ဟျွန်းအတွက်ပါရှိနေလေရဲ့။နှစ်ကိုယ့်တစ်စိတ်သူငယ်ချင်းဆက်ဆံရေးက ငယ်စဥ္တည်းကအမြစ်တွယ်လာတာကြောင့် ထုံးစံလိုပင်ဖြစ်နေလေသည်။

"မင်းဟာကဟုတ်ကောဟုတ်သေးရဲ့လား"

ဒီနေ့ရာသီဥတုက နေရောင်ခြည်အပြည့်အဝရသော်ငြား လေကငြိမ်နေတာကြောင့်ပတ်ဝန်းကျင်တစ်ခုလုံးက ပင်ပန်းနွမ်းနယ်စေတဲ့အပူဓာတ်တစ်ခုလုံးခြုံလွှမ်းလို့ထားသည်။

"ငါလဲမိုးလေဝသတင်းဌာနကမှမဟုတ်တာကွာ"

ဒီနေ့က ပြင်ပလှုပ်ရှားမှုဓာတ်ပုံရိုက်ကူးရေးမှာ လေကအဓိကအရာဖြစ်နေတာကြောင့် လေကြောင်းသင့်တဲ့နေရာကိုစောင့်နေတာ ယခုဆို တစ်နာရီမျှပင်ကုန်ဆုံးလို့သွားပြီ။ သို့သော် ဘာမှအလုပ်မဖြစ်သေးပေ။

စီနီယာနှစ်ယောက်နဲ့ ဂျူနီယာသုံးယောက်ပါတဲ့အဖွဲ့ကလည်း ကြိုးစားပြီးရှာဖွေလို့နေတယ်။

"ဟေး ဟျွန်းနီး နေ့လည်စားပွဲလိုက်ရမှာနော်"

"အေးပါ ငါသိတယ်"

ဘတ်ခ်ဟျွန်းကပျင်းတိပျင်းရွဲပုံစံနဲ့အနားက​ကျောက်တုံးတစ်တုံးပေါ်ခြေချိတ်ကာမှီထိုင်လို့နေတယ်။

"ဒါနဲ့လေ ငါစဥ္းစားမိတာပေါ့လေ မင်းလူကြီးကဒီလောက်တောင်ကြည့်ကောင်းတာ သူတက္ကသိုလ်တက်တုန်းကဆို ဘယ်လောက်တောင်ဝိုင်းဝိုင်းလည်နေလိုက်မလဲ"

လက်ညိုးနဲ့ဒူးပေါ်တစ်တောက်တောက်ခေါက်နေတဲ့လက်ကလေးကငြိမ်ကျသွားပြီး အသည်းအသန်စဥ္းစားခန်းဝင်တော့သည်။

ဒီလောက်တောင်ကြည့်လို့ကောင်းပြီး အဆီတဝင်းဝင်းနဲ့မက်လောက်စရာအသားတုံးကြီးကို မမက်မောတဲ့သူဆိုတာ မျက်စိကန်းနေတဲ့သူနဲ့ ရူးနေတဲ့သူပဲရှိမှာ။ပြီးရင် တွယ်ကပ်ချင်တဲ့ယောကျာ်းလေးတွေရော မိန်းကလေးတွေလက်ချိုးရေလို့တောင်လောက်မှာမဟုတ်ဘူး။

ဟွန်~ စိတ်ကလေးညိုးငယ်သွားရပြီ။ ဘာလို့စောစောတည်းကမတွေ့ခဲ့ရတာလဲနော်။

လူကြီးမှာအရင်ကသဘောကျကောင်းကျခဲ့
မယ့်သူရှိရင်ရှိနေဦးမှာပဲ။ အခုကသူ့ဘက်ကစသဘောကျပြီး သူ့ဘက်ကနေပဲကပ်တွယ်ခဲ့ရတာလေ လူကြီးကနေရာမှာရပ်မြဲရပ်နေဆဲ။ ပြီးရင်မတုန်လှုပ်တဲ့ရေခဲကျောက်စိုင်ကြီးလိုခိုင်မာနေတာလေ။ရင်ထဲကအရာတွေကိုဘယ်လိုလုပ်ပြီးများဖောက်ထွင်းမြင်နိုင်မှာပါတဲ့လဲ။

PROJECT BWhere stories live. Discover now