ပွင့်ကွဲပေါက်ထွက် '2'

865 115 24
                                    

{အောက်ဆုံးကစာလေးအထိဖတ်ပေးနော်ကိုယ့်လူတို့}

"ဟေး ဒါလေးကဘယ်သူပါလိမ့်"

လမ်းတစ်လျှောက်လျှောက်လာရင်း မျက်နှာချင်းဆိုင်ကလူတစ်စုကိုရှောင်ပေမယ့် ထိုလူတစ်စုက ထိပ်တိုက်ပင်တိုးလာတယ်။

"ဟ! ထမင်းကြော်လေးပဲ"

ဘတ်ခ်ဟျွန်းကပုံမှန်ဆို ဒီဖေဖေလေးကိုလာနှောက်ယှက်နေသလားဆိုပြီး ပြန်လှန်နိုင်ပေမယ့် စိတ်ရောကိုယ်ပါအခြေအနေမကောင်းဖြစ်နေတာကြောင့် မသိချင်ယောင်ဆောင်သာနေပြီး ဒီနေရာကနေထွက်သွားချင်နေတယ်။

"ဒီနေ့ထမင်းကြော်မစားတော့ဘူးလား။ ငါကျွေးမယ်လေ"

ဒုတိယယန်းသခင်လေးက အရင်တစ်ခါ အငြင်းပွားပြီး တကယ်ကအဆော်ခံရပြီးတည်းက ဒီတစ်ယောက်ကိုစိတ်ထဲကမထုတ်နိုင်ဘဲ ထပ်ပြီးတွေ့ချင်နေတာပင်။ ပြောရရင် သူ့ကိုမကြောက်မလန့်ပြန်ဆော်နိုင်တဲ့ပထမဦးဆုံးကိုး။

"ငါဒီနေ့ပျော်မနေဘူး ဖယ်ပေး"

"ဘာဖြစ်တာလဲ မင်းကြည့်ရတာလူစားထိုးခံထားရသလိုပဲ"

"မင်းကိုတောင်ပြန်ဖြေချင်စိတ်ရှိမနေဘူး"

ရှေ့ကိုကျော်တက်သွားတော့ ကြက်မကြီးနောက်ကကြက်ကလေးတွေလျှောက်လိုက်သလို နောက်ကနေတကောက်ကောက်လိုက်ပြန်တယ်။

"ငါတကယ်မင်းနဲ့စကားပြောချင်တာပါ။ မင်းငါ့ကိုအချိန်မပေးနိုင်ဘူးလား"

"အေး"

"မင်းစပွန်ဆာဘဲကြီးကော ဘယ်လိုလဲ"

ဘတ်ခ်ဟျွန်းကမျက်လုံးလှန်ကြည့်ပြီး လမ်းလည်ခေါင်ငုတ်တုပ်ထိုင်ချလိုက်တာကြောင့် ယန်းသခင်လေးခမျာ ဘာလုပ်ရမယ်မသိဖြစ်သွားတယ်။

"ဟေး မင်းအဆင်ပြေရဲ့လား"

"မပြေဘူး"

"ဟာ ဒုက္ခပါပဲ လူသွားလမ်းပေါ်ကြီးအဲ့လိုထိုင်မချနဲ့လေကွာ"

ယန်းသခင်လေးနဲ့သူ့ဘော်ဒါတစ်အုပ်က
ဘတ်ခ်ဟျွန်းဘေးမှာဝန်းရံကာဒူးကွေးချလိုက်တယ်။

"မင်းစပွန်ဆာဘဲကြီးနဲ့ရန်ဖြစ်လာတာလား"

"စပွန်ဆာဟုတ်ဘူးဆိုနေ ငါ့ချစ်သူကွ ငါ့ချစ်သူ!!"

PROJECT BWhere stories live. Discover now