ချစ်ခြင်းဝေဖြာမေးခွန်းလွှာ

542 79 17
                                    

"ဒီနေ့အစီစဥ္လေးကတော့အားလုံးစောင့်မျှော်နေကြတဲ့ဇာတ်လိုက်​ကျော်နှစ်ယောက်ရဲ့အမေးအဖြေကဏ္ဍလေးပါ။ဒီနေ့ရဲ့အဓိကဧည့်သည်တော်နှစ်ယောက်ကိုဖိတ်ခေါ်လိုက်ပါတယ်။မင်္ဂလာပါ။မိတ်ဆက်ပေးပါဦး"

"အားလုံးမင်္ဂလာပါဗျာ ကျွန်တော်ကဘေဘီ
ဟျွန်းဟျွန်းနီးပါဗျ။ ဒီဘက်ကကျွန်တော့်အမျိုးသားပါ။နာမည်ကိုတော့ ချန်းယောလ်နဲ့
ဘတ်ခ်ဟျွန်းလို့ခေါ်ပါတယ်"

"ကြားထားတဲ့သတင်းတွေအတိုင်းအရမ်းကိုလိုက်ဖက်ညီတာပဲ။အခုလိုလာရောက်ပေးလို့ကျေးဇူးပါ"

"ကျွန်တော်တို့နှစ်ယောက်ကလဲ ပါဝင်ခွင့်ရလို့ကျေးဇူးတင်ပါတယ်ဗျ"

"ဒီလိုဆိုရင် အစီစဥ္လေးစလိုက်ရအောင်။ အဆင်သင့်ဖြစ်ပါပြီလား"

"ဟုတ်" "အင်း စလို့ရပြီ"

"ဒီမှာစုံတွဲတွေအတွက်မေးခွန်းတွေအများကြီးရှိနေတာပဲ။ ဟားဟား ပထမဦးဆုံးအနေနဲ့ အလွယ်ဆုံးကနေပဲစလိုက်ကြတာပေါ့။ နှစ်ယောက်သားပထမဦးဆုံးစတွေ့တုန်းကအမြင်လေးဖြေပေးပါဦး"

"ဒါလင် ဘေဘီပြောလိုက်လို့ဖြစ်ရဲ့လား"

"အင်း။ ဘေဘီ့စိတ်တိုင်းကျပြောလို့ရတယ်"

"ပထမဦးဆုံးအမြင်ကတော့ ရေခဲတုန်းကြီး။ ချောမောခန့်ညားတဲ့ပုံအပေါ်မှာရေခဲထုကြီးရှိနေတာဗျ"

"ဒီဘက်ကချန်းယောလ်ကရော"

"ငယ်ရွယ်တက်ကြွတဲ့ ချာတိတ်"

"နောက်ထပ်မေးခွန်းတစ်ခုက ဘယ်လိုတွေ့ခဲ့ကြတာလဲဖြေပေးပါဦး"

"ကျွန်တော်ကအဲ့တုန်းကနည်းနည်း အရှုပ်ကလေးတွေလုပ်မိနေတုန်းတွေ့ခဲ့တာ။ ဒါလင်သာမကူညီခဲ့ရင်ရှက်စရာကောင်းတာတွေဖြစ်ကုန်မှာရယ်။ အခုထိတွေးမိတိုင်းအမှတ်ရစရာပါပဲ"

"ခွေးကိုကျောပိုးရင်းလမ်းမပေါ်မှာပျော်နေခဲ့တဲ့အချိန်တုန်းက"

"အိုး! ဒါလင် ကျောင်းမှာစတွေ့တာမဟုတ်ဘူးလား"

"ကိုယ်မင်းကိုအရင်တွေ့ခဲ့တာ။ အမှတ်မထင်ပေါ့"

ချန်းယောလ်ကအနည်းငယ်ပြုံးကာ ဘတ်ခ်
ဟျွန်းလက်ကလေးကိုနှစ်သိမ့်တဲ့ပုံနဲ့ပုတ်ပေးလာတယ်။

PROJECT BWhere stories live. Discover now