ကလေးကိုအနိုင်ကျင့်နေပါတယ်

1.1K 142 2
                                    

"အိုး ဟိုင်း! တွေ့ပြန်ပြီနော်"

ကျောပိုးအိတ်အဖြူလေးကျောမှာလွယ်ကာ ခန္ဓာကိုယ်ကိုလဲခုန်စွခုန်စွလုပ်နေသလို သွားဖွေးဖွေးလေးတွေပေါ်တဲ့အထိပြုံးပြနေတဲ့ ဘတ်ခ်ဟျွန်းက တစ်ဖက်မှာအချိုတွေပြည့်ဝနေတဲ့ပျားရည်အိုးနဲ့တွေ့နေရတဲ့အတိုင်းပင်။

"ဒါနဲ့အရင်တစ်ခေါက်တွေ့တုန်းက စကားပြောတက်ပါတယ်။ အခုကျနေ့ချင်းညချင်းကြီးစကားမပြောနိုင်ဘဲ 'အ´ သွားတာလားဟင်"

"ဘာကွ!"

"အခုမှပဲအသံထွက်လာတော့တယ်ဗျာ။အာ ဒါနဲ့ ခင်များကိုကျွန်တော်တို့ကျောင်းမှာခနခနတွေ့ရတယ်နော်။ ဘာလဲ လူကုန်ကူးဖို့ကလေးလာဖမ်းတာလား"

"ဦးနှောက်ပိစိလေးနဲ့တွေးချင်ရာတွေးမနေနဲ့။ ဇာတ်ကားတွေကြည့်တာလျှော့"

"ဦးနှောက်ကကြီးရင်မကောင်းဘူးဗျ။ ဦးနှောက်ယောင်ရောဂါတွေဘာတွေလေ ခင်များကြီးကြားဖူးဘူးလား"

"ငါဆရာဝန်မဟုတ်ဘူး"

"ဆရာဝန်မဟုတ်လဲဗဟုသုတလေးတော့သိထားသင့်တာပေါ့ဗျ။ ကလေးတောင်သိသေး"

"ဒီမယ် ကလေးလားခွေးလားမသိတဲ့တစ်ယောက် ကိုယ့်လမ်းကိုယ်ငြိမ်ငြိမ်လျှောက်။ သူများကိုစကားလိုက်များမနေနဲ့"

"ဘတ်ခ်ဟျွန်းနီးပါနော်။ ဗြောင် ဘတ်ခ် ဟျွန်း လို့ခေါ်တယ်ဗျ။ ချစ်စနိုးနဲ့ဆို ဘေဘီဟျွန်းလို့ခေါ်လို့ရတယ်လေ မစ္စတာလိုဝီရဲ့"

"စိတ်မဝင်စားဘူး။ သိလဲမသိချင်ဘူး"

"ဟွန်း!ဒါကြီးတော့ ခင်များစိတ်ပုတ်ရာကျသွားပြီနော်"

နှုတ်ခမ်းလေးထော်ကာ မျက်စောင်းလေးဝင့်ပြပေမယ့်တစ်ဖက်ကရေခဲလူသားကတော့ ဂရုပင်မစိုက်။

"ဟေးလူကြီး။ မစ္စတာလိုဝီ..."

စိတ်ပုတ်ကောင်ကြီး။

ဟိဟိ အားရပါးရရှိလိုက်တာ။

"ပြော"

"ခင်များကနဂိုတည်းကစကားနည်းတာလား။ဒါမှမဟုတ် လေကုန်၊အာညောင်းမှာကြောက်တာလား"

"အခုမှသိတဲ့သူစိမ်းတွေနဲ့ ငါစကားမပြောဘူး"

"ဟွန် ဟွန် သူစိမ်းဟုတ်ရပါဘူးနော်။ တွေ့တာဖြင့်သုံးခါကြီးများတောင်ရှိသွားပြီကို"

PROJECT BWhere stories live. Discover now