ပထမဦးဆုံးအကြိမ်တွေ့ဆုံခြင်း

1.1K 151 0
                                    

"မန်နေဂျာလိုဝီ အစည်းအဝေး"

စီမံကိန်းဌာနဆိုတာလည်း အမြဲတမ်းအလုပ်များရတဲ့ဌာနတစ်ခုဖြစ်သလို အစည်းအဝေးဆိုတာ အမြဲရက်ဆက်။ စီမံကိန်းကြီးကြီးလုပ်နေချိန်အတွင်းဆို ပုံမှန်ထက်နှစ်ဆအလုပ်လုပ်ရသည်ပင်။

"ကောင်းပြီ"

'ဆူဝန်း´ ရုံးခွဲကစီမံကိန်းဌာနတွင်တော့ စီမံကိန်းမန်နေဂျာလိုဝီက ရာထူးအမြင့်ဆုံးဖြစ်ပြီး အထက်တွင်တော့ ဌာနချုပ်ကလွှတ်ပေးထားတဲ့ အဖွဲ့မှူးတစ်ယောက်သာရှိသည်။

"တာဝန်ခံ ဂျောင်ဘယ်ရောက်သွားလဲ"

"အကျိုးတူပူးပေါင်းတဲ့company ဘက်ကိုစာရွက်စာတမ်းပြင်ဖို့သွားပါတယ်"

"ဒါဆို ကျန်တဲ့သူတွေလိုတဲ့ဒေတာတွေစုပြီး လိုက်ခဲ့ပေးပါ"

"ကောင်းပါပြီဂျာလေး"

ခေါင်းတစ်ချက်ငြိမ့်ပြကာအသိအမှတ်ပြုရုံကလွဲ၍ အပြုံးတစ်ပွင့်တောင်လွင့်စင်မလာပေ။ ဒါဟာ လိုဝီရဲ့လူနေမှုဘဝပုံစံပင်။ ချန်းယောလ် ဘဝမှာနွေးထွေးမှု၊ ပျော်ရွှင်မှုနဲ့တက်ကြွလန်းဆန်းတဲ့အပြုံးတွေ အပြုအမူတွေပိုင်ဆိုင်ခဲ့တဲ့အရာတွေက အချိန်အကန့်အသတ်သက်တမ်းနဲ့ရှိခဲ့ပုံပင်။

ယခုလိုဝီဆိုတဲ့နာမည်နဲ့ဆက်လက်ရှင်သန်သွားရချိန်မှာတော့ လုပ်ရည်ကိုင်ရည်၊ အရည်အချင်းနှင့် အပြင်ပိုင်းကမြင်ရသမျှအရာတိုင်း တိုးတက်ပြောင်းလဲသွားတာက အားရစရာဆိုပေမယ့် အေးစက်တဲ့အပေါ်ယံလွှာကနှလုံးသားတစ်နေရာအထိနက်နက်ရှိုင်းရှိုင်းဖုံးအုပ်သွားခံရတာကတော့ ဝမ်းနည်းစရာပင်။

ဘယ်အချိန်ကနောက်ဆုံးအနေနဲ့အားရပါးရပြုံးရယ်ခဲ့တယ်ဆိုတာမသိနိုင်တော့ပေ။ လွန်ခဲ့တဲ့ 5နှစ်တာကာလကလား ဒါမှမဟုတ် လောကကြီးကိုနှုတ်ဆက်ထွက်ခွာသွားတဲ့အမေ့ရဲ့ နောက်ဆုံးခရီးတုန်းကလားဆိုတာကို စဥ်းစားလို့မရတော့။

အစည်းအဝေးခန်းအ​ြဖစ်အသုံးပြုတဲ့အခန်းရဲ့ မှန်ချပ်တွေပေါ်မှာထင်ဟပ်နေတဲ့ကိုယ့်မျက်နှာကိုယ်ပြန်မြင်ရတာက တစ်စိမ်းတစ်ယောက်နဲ့မျက်နှာချင်းဆိုင်နေရသလို ခံစားချက်များကိုပေးစွမ်းလာသလို မရင်းနှီးတဲ့စိမ်းသက်မှုတွေကလည်းအကြည့်ဆုံရာကနေထွက်ပေါ်နေပြန်တယ်။

PROJECT BWhere stories live. Discover now