လူမိသွားတော့မလို့ပဲ

777 103 20
                                    

ကျောင်းမှာအဆောင်နေပြီးတည်းက ဘတ်ခ်ဟျွန်းအတွက်အေးအေးဆေးဆေးဒိတ်လုပ်ဖို့ဆိုတာ အတော်လေးရှားပါးလို့သွားတယ်။ အလုပ်ပိုများလာတဲ့လူကြီးကပိတ်ရက်တွေမှာပါ အစည်းဝေးတွေလုပ်နေရတာကြောင့် ထမင်းစားချိန်လေးပြေးလာပြီးတွေ့တာတို့၊ ညလည်စာလာပို့တာလောက်တို့မှာတွေ့ဖြစ်တာကလွဲရင် လူချင်းတွေ့ဖို့အခွင့်အရေးကအတော်လေးနည်းသည်။

ဒီတစ်ပတ်ပိတ်ရက်မှာတော့နှစ်ယောက်သား ကံကောင်းတယ်ပဲပြောရမလား အချိန်ပိုတွေရှိနေလေတယ်။အဲ့တာကြောင့် သောကြာနေ့ညနေလူကြီးအိမ်မှာ ပုံမှန်အတိုင်းလိုက်အိပ်ပြီး ပိတ်ရက်မှာအကြီးအကျယ်ကိုအချိန်ဖြုန်းကြမှာပါ။

အချိန်ဖြုန်းဖို့အတွက်ကအထွေထူးစဥ္းစားနေစရာမလို။တစ်ယောက်ဝါသနာပါရာ တစ်ယောက်လိုက်လေ့လာရင်း အချိန်ကုန်ရတာများပါတယ်။ ဒီနေ့ဒိတ်ကတော့ ဘေ့စ်ဘောသွားကြည့်ပြီးနေ့လည်စာ ဒိတ်လုပ်မှာပါ။

ဘေဘီဟျွန်းဟျွန်းနီးလေးက အဖြူနဲ့အပြာကြားဘေ့စ်ဘောဂျာစီလေးဝတ်ထားပါတယ်နော်။ နှုတ်ခမ်းနုနုမှာလဲအရောင်မပါတဲ့မွှေးမွှေးချိုချိုလေးဆိုးထားပါတယ်၊ မျက်နှာလေးကိုလဲ ရေဓာတ်ပြည့်နေအောင်စျေးကြီးတာတွေလူးထားပါတယ်နော်။

ဟော ပေါင်ပေါင်လေးကိုလဲ တုန်တုန်အိအိပူပူတင်းလေးပေါ် အင့်အင့်ဆိုပြီးနှစ်ချက်၊ ချယ်ရီသီးလေးတွေရှိတဲ့နေရာကိုရော အင့် အင့် ဆိုပြီးပုတ်ထားပါတယ်နော်။ လူကြီးဖက်ထားရင် အမွှေးတုန်းလေးဖြစ်အောင် ရေမွှေးလေးလဲ ရွှိရွှိဆိုပြီးစွတ်ထားသေးတာ။

'ဘေဘီ့အသားလေးကနူးညံ့နေတာပဲ´ ဆိုတဲ့အသံကြားရဖို့အတွက် သဘာဝအသီးအနှံ့တွေနဲ့လုပ်ထားတဲ့နေရောင်ကာလိုးရှင်းလေးလူးပြီးတဲ့အချိန်မှာ ဘေဘီဟျွန်းဟျွန်းနီးလေးက ရမ်းရမ်းချောသွားပါပြီနော်။

"ဘေဘီ"

"လာပါပြီဗျ"

ခုန်စွခုန်စွနဲ့မှန်လေးကိုတစ်ပတ်လည်ကြည့်ပြီးတဲ့အချိန်မှာ ပျားသကာရောထားတဲ့အပြုံးလေးနဲ့ချစ်စဖွယ်လေးက မွှေးကြိုင်လန်းဆန်းစွာနဲ့ ချန်းယောလ်ရှေ့မှောက်ရောက်ရှိလို့လာပါပြီ။

PROJECT BWhere stories live. Discover now