ရှေ့ဖြစ်ဟောမယ့်​လူငယ်လေးဗြောင်

1.4K 177 2
                                    

ဒီနေ့ကသောကြာနေ့။ မနေ့ကရန်ဖြစ်ခဲ့တဲ့အကျိုးဆက်က ကျောင်းတစ်ပတ်နားခံရတဲ့ပြစ်ဒဏ်ကိုခံယူရမယ်တဲ့။

ဟားဟားဟား ဗြောင်ဘတ်ခ်ဟျွန်းတို့ကတော့သိပ်​ပျော်တာပေါ့။ကျောင်းစာတွေကြည့်နေတိုင်းသင်နေရတာ ဦးနှောက်တွေပူပြီးမီးတောက်တယ်လေ မဟုတ်ဘူးလား။ သိပ္ပံပညာရှင်တွေကပြောတယ် လူတစ်ယောက်က စာမှာအာရုံစူးစိုက်နိုင်တဲ့အချိန်က မိနစ်၃၀ထက်မပိုဘူးတဲ့။ ဒါကိုဘာကိစ္စနဲ့ နာရီတွေချီနေအောင်သင်ကြတာလဲ။

ဒါသက်သက်မဲ့နှိပ်စက်ရာကျသွားပြီ။ ဘယ်လိုပြောမလဲ ဉပမာပေးရရင်တော့ အိမ်ကစုန်းမကြီးလိုပေါ့ဗျာ။လုပ်ချိုမျက်နှာကြီးနဲ့ နှိပ်စက်နေတာလေ။

"ဒါဘယ်လဲ"

ဟောကြည့် ဒုတိယံမိကတော့ ဖခမည်းတော်ဘုရား ဒယ်ဒီဗြောင်ပါပဲ။ အမြဲမျက်စိဒေါက်ထောက်ကြည့်နေတာ။

"ဂျက်ကီနဲ့လမ်းလျှောက်ထွက်မလို့"

"မနက်စာစားပြီးမှသွားပါလားသားလေးရယ် မေမေကသားအကြိုက်တွေပြင်ထားပေးတယ်"

ဝေါ့! စောစောစီးစီး။ ပြောပါရောလား လုပ်ချိုကြီးပါဆိုနေ။

"လူကြီးကပြောနေရင်နားထောင်ရမယ်လေ"

လှည့်ထွက်သွားလို့ရပေမယ့် အနောက်ကနေပွစိပွစိပြောပြီးလိုက်လာနေမှဖြင့် နားတွေဒုက္ခခံနေရပါ့မယ်လေ။

ထိုင်ခုံမှဝင်ထိုင်လိုက်တယ်ဆိုရင်ပဲ ထမင်းပန်းကန်တစ်လုံး တူတစ်စုံနဲ့ဇွန်းတစ်ချောင်းက ချက်ချင်းပင်ရောက်လာတာက အံ့ဖွယ်ရာပဲ။

"အန်တီမာ"

"ဘာလိုလဲ ဘတ်ခ်ဟျွန်းလေး"

ချက်ချင်းပင်အနားရောက်လာတဲ့ မာမျိုးရိုးအိမ်တော်ထိန်းကြီးက ဖြစ်ချင်တာပြော အကုန်အလိုလိုက်မယ်ဆိုတဲ့အနေအထားနဲ့ပင်။

ဗြောင်အိမ်မှာတွယ်တာစရာဆိုလို့ ဂျက်ကီပြီးရင် အန်တီမာပဲ။ မာမီရှိစဥ္တည်းကစောင့်ရှောက်လာပေးတဲ့အန်တီမာက နှစ်ခွန်းပြောစရာမလို သည်းသည်းလှုပ်ကိုဂရုစိုက်တာ။

"အံ့ဆွဲထဲကသားရဲ့လက်ဆွဲတော်လေးယူခဲ့ပေးပါဦးဗျ"

"ရမယ်ရမယ်"

PROJECT BWhere stories live. Discover now