အမူးသမားသုံးဖော်[အချပ်ပို]

446 68 12
                                    

"ဒါလင် ဒါလင် ဘေဘီပြောစရာရှိ!"

"လာပါဦးဒီကို"

လက်ထဲကTablet ကိုချ၊ ချိတ်ထားတဲ့ခြေထောက်ကိုဖြည်ချလိုက်ပြီးပေါင်ကိုပုတ်ပြတော့ ချစ်စဖွယ်လေးက ကိုယ်ပေါ်စွေ့ခနဲ။

"ကိုယ့်အမျိုးသားလေးကဘာကိုအလိုရှိသလဲပြောပါဦး"

"ဘေဘီ ဒီည ဂျောင်ဝူးမွေးနေ့ပွဲသွားချင်တယ်ဒါလင်"

"အင်း ဘယ်နေရာ ဘယ်အချိန်လဲကိုယ့်ကိုပြောပြနိုင်မလား"

"သီးသန့်ပါတီလို့ပြောတယ်။ သူ့အစ်ကိုစီစဥ္ပေးထားတာတဲ့။ ည7နာရီစမှာ ဒါလင်"

"ဟုတ်ပြီ။ မွေးနေ့လက်ဆောင်ရွေးပြီးပြီလား။ ညအတွက်ရော ပြင်ဆင်ပြီးရဲ့လား"

"ဘေဘီကြည့်ထားတာရှိတယ်။ ဒီတိုင်းပေါ့ပေါ့ပါးပါးပဲဝတ်သွားမှာပါ"

ဘတ်ခ်ဟျွန်းက ချန်းယောလ်ပခုံးပေါ်လက်ကလေးနှစ်ဖက်တင်ရင်း ဖြစ်ချင်တဲ့ဆန္ဒတွေကိုဖော်ပြနေလေတယ်။

"ဒါဆိုဘေဘီကကိုယ့်ကိုဘယ်နှစ်နာရီလောက်လွမ်းရအောင်လုပ်ဖို့အစီစဥ္ရှိသလဲပြောပြပါဦး"

ခါးလေးကိုဖွဖွလေးပွတ်ပေးနေရင်း ချန်း
ယောလ်ကမေးတော့ ချစ်စဖွယ်လေးကနှာခေါင်းလေးရှုံ့ကာမဲ့တဲ့တဲ့လေးလုပ်ပြတယ်။

"ဟွန်း ဒီလူကြီးတော်တော်တက်နော်"

"ကိုယ်ကသိထားမှ လွမ်းမနေအောင်လုပ်ထားလို့ရမှာပေါ့"

"ဘယ်လိုလွမ်းမနေအောင်..."

ခေါင်းကိုရှေ့အနည်းငယ်တိုးလိုက်တာနဲ့ချိုမြိန်လှတဲ့နှုတ်ခမ်းတစ်စုံဟာအနမ်းရဲ့ဥပဒေသအဖြစ် ထိကပ်ခြင်းခံလိုက်ရတယ်။

"ဒီလိုလေးလေ"

"ဒါလင် မှန်မှန်ပြော။ ဘေဘီ့ရဲ့ရည်းစားပိုးနည်းပေါင်းချုပ် စာအုပ်ကိုယူဖတ်ထားတာမဟုတ်လား"

မညာနဲ့ သိနေတယ်နော်ဆိုတဲ့မျက်နှာပေးနဲ့ကြည့်နေတဲ့ဘတ်ခ်ဟျွန်းကို အသည်းယားစွာပဲ နှဖူးပြင်ကိုလက်ညိုးလေးနဲ့အသာတောက်လိုက်ပြီးတဲ့နောက်မှာ မပြုံးဘဲမနေနိုင်။

"ဟော စကားလမ်းကြောင်းလွှဲချင်နေတာပေါ့လေ"

ချန်းယောလ်ကတော့မနိုင်ဘူးဆိုတဲ့ပုံစံနဲ့ပြုံးပဲပြုံးနေရင်း ဆွဲဖက်ကာနမ်းရှုံ့ပစ်လိုက်တယ်။

PROJECT BWhere stories live. Discover now