ချိန်းတွေ့ကြမယ်လေ

891 139 32
                                    

ဆေးရုံကိုလူနာသတင်းသွားမေးတုန်းကတော့ တစ်ယောက်တည်း ပြန်လဲလာရောလူနာ
စောင့်ပေးနေတဲ့ ချန်းယောလ်ကြီးပါမချလို့လာတယ်။

"လူကြီးလူကြီး ဟိဟိ"

Lover seatမှာထိုင်ပြီး သူ့နာမည်ကိုခေါ်လိုက်ပြုံးလိုက်ဖြစ်နေတဲ့သူကြောင့် ချန်းယောလ်မှာနှုတ်ခမ်းလေးတွေမတွန့်ပဲမနေနိုင်။

"ဒီနေ့လူကြီးနဲ့ခဏလေးပဲတွေ့ရမယ်ထင်နေတာ မထင်ထားဘူး ယောက္ခမကြီးကသဘောကောင်းလိမ့်မယ်လို့"

"ဘယ်သူကယောက္ခမကြီးလဲ"

"လူကြီးဖေဖေ ကျွန်တော့ယောက္ခမပေါ့ဗျ။ ဝါး အန်ကယ်ကခန့်ချောကြီးနော် လူကြီးနဲ့အရမ်းတူတာပဲ။ နေကောင်းသွားရင်ဒီထက်တောင်ပိုပြီး ကြည့်ကောင်းလာဦးမှာ"

"ဒါဆို ကိုယ်ကရော"

"ဟာ ဘယ်လိုတောင်မေးရက်လိုက်တာလဲ။ လူကြီးကတော့ကျွန်တော့်အတွက်ကြည့်အကောင်းဆုံးပါနော်"

ရင်ထဲမှာတော့ကျေနပ်မှုလှိုင်းတွေဖြတ်ပြေးသွားပေမယ့် အပြင်မှာတော့နဂိုမူအတိုင်းဟန်ကိုယ့်လို့ထားတယ်။

"ဒါနဲ့လူကြီးနဲ့ကျွန်တော်က အခုဆိုတွဲနေပြီဆိုတော့ အခေါ်အဝေါ်လေးပြောင်းကြမလားဟင်"

"အင်း မင်းသဘော"

"ဟုတ်ကဲ့"

ဘတ်ခ်ဟျွန်းကအိမ်မပြန်တော့ဘဲ ချန်းယောလ်နားတာကိုအဖော်ပြုပေးဖို့ တိုက်ခန်းကိုသာလိုက်လာခဲ့တယ်။

"အာ လူကြီးဘာမှမစားရသေးဘူးမဟုတ်လား"

"ကိုယ်မနက်ကပရိုတင်းတစ်ခွက်သောက်ထားတယ်"

"လူကြီးရေအရင်ချိုးလိုက်နော် စားဖို့ကိုကျွန်တော့်တာဝန်ထားလိုက်"

"အင်း"

အိပ်ခန်းထဲဝင်မသွားခင်အထိတော့ ချန်းယောလ်ကနောက်ဆံတင်းနေတဲ့အကြည့်တွေနဲ့ ကြည့်လို့သွားခဲ့တယ်။ ပြောမရဘူးလေ ဗားရှင်းပြောင်းထားတဲ့ ဘယ်လိုအစားအစာတွေထပ်စားဖို့အကြောင်းပါလာမလဲဆိုတာ မှန်းလို့မှမရတာ။

ချန်းယောလ်ရေချိုးဖို့ဝင်သွားတာနဲ့ အောက်ဆုံးထပ်မှာရှိတဲ့ စားသောက်ဆိုင်ကိုဖုန်းဆက်ပြီး စားကောင်းမယ်ထင်တာလေးတွေမှာပြီးတဲ့နောက်မှာ ဘတ်ခ်ဟျွန်းတစ်ယောက် ဆိုဖာပေါ် ပိုးလို့ပက်လက်လန်လို့သွားတယ်။

PROJECT BWhere stories live. Discover now