သေချာပြီ ဒီလူမှဒီလူပဲ

1.2K 142 13
                                    

"ဘတ်ခ်ဟျွန်း...."

ဂျင်ဝူးအသံလေးလမ်းတစ်ဝက်မှာတင်ရပ်
တန့်သွားပြီး လေအလျှင်နဲ့ဒုံးကျည်သဖွယ်ပြေးထွက်သွားတဲ့ ဘတ်ခ်ဟျွန်းရဲ့အင်္ကျီစလေးပင်လှမ်းမဆွဲလိုက်နိုင်။

သွားပြီ လူမိုက်အုပ်စုစီတည့်တည့်ကြီးကိုပြေးသွားတာဟ။

"ဟေးလူကြီး!!!"

အော်ဟစ်ကာအဝေးကနေပြေးလာတဲ့ဘာမှန်းမသိတဲ့အရာကြောင့် ချင်အန်းတို့အုပ်စုမှာ သူဌေးရှေ့ပြေးကာရတော့မလိုလို၊ ပြေးလာတဲ့ဟာကိုပဲ လမ်းကြောင်းလည်သွားအောင်တွန်းထုတ်လိုက်ရမလိုလိုနဲ့ ဗျာများလို့သွားသည်။

"ကလေးတွေ သူဌေးကိုကာထား ဘာမှမဖြစ်စေနဲ့"

"ဟုတ်ကဲ့!"

ဟိန်းထွက်လာတဲ့အသံကျယ်ကြီးကြောင့်
ဘတ်ခ်ဟျွန်းမှာ တန့်ခနဲ။

အား ဒီလူတွေ ဇွတ်အော်တာ လိပ်ပြာလွင့်တော့မလိုပဲ။

"မစ္စတာလိုဝီ"

ဘတ်ခ်ဟျွန်းကရှေ့တစ်လှမ်းတိုးလာလေ ချင်အန်းတို့အုပ်စုက လက်တွေကာ ကာ အနောက်တိုးသွားလေနဲ့ မသိရင်အန္တရာယ်များတဲ့မိုင်းဗုံးကြီးနားရောက်နေတဲ့အတိုင်းပင်။

"အာရှ်! ဟေ့လူတွေဖယ်ဦးလေဗျ ရှေ့မှာကာမနေနဲ့လေ"

"မဖယ်ပါဘူး၊ ငါတို့ကသူဌေးကိုကာကွယ်နေတာ"

"အဲ့တာခင်များတို့သူဌေးသေချာလား"

"အမ်?"

ချင်အန်းခမျာကြောင်သွားရသည်။

"အနောက်ကရပ်နေတဲ့သူကခင်များတို့သူဌေးသေချာလားလို့"

"ဟုတ်တယ် ဒါငါတို့သူဌေးပဲ"

ထိုအသံကြားတာနဲ့ဘတ်ခ်ဟျွန်းရဲ့မျက်ဝန်းတွေ လင်းလက်တောက်ပသွားတာများ ဘလင်းဘလင်းထနေသည့်အတိုင်းပင်။

"ဟေ့လူကြီး မစ္စတာလိုဝီ။ မသိချင်ယောင်ဆောင်မနေနဲ့လေဗျာ ခင်များလူတွေဖယ်ခိုင်းပေးပါဦး"

ချင်အန်းကနောက်လှည့်ကြည့်တော့ သူဌေးကခေါင်းငြိမ့်ပြတာနဲ့ သူဌေးရှေ့ကာနေရာကနေ မဖယ်ချင့်ဖယ်ချင်နဲ့ဘေးကပ်သွားလေသည်။

PROJECT BWhere stories live. Discover now