မိတ်ဆွေဟောင်း

701 89 10
                                    

"သူဌေး သခင်လေးရောက်နေပါတယ်"

ဗြောင်ဖေဖေကဒီစကားကိုအတွင်းရေးမှူးဖြစ်သူစီကကြားလိုက်ရတော့ မယုံသင်္ကာနဲ့မျက်လုံးတွေပြူးပြီးပြန်ကြည့်လာတယ်။

ဟုတ်တယ်လေ သူ့သားဆိုတဲ့ဗြောင်မျိုးရိုးအသေးစားလေးကဘယ်တုန်းကသူ့ကိုမျက်နှာသာပေးဖူးလို့တုန်း။ ဖအေကိုလေလိုဆက်ဆံပြီးသူ့ဟာသူနေနေတာ ရုံးကိုလိုက်လည်ဖို့ဆိုတာဝေးစွ။

အတွင်းရေးမှူးစီမှာ 3ကြိမ်လောက်အတည်ပြုပြီးကာမှ နှစ်ယောက်မရှိတဲ့သူ့ရဲ့သားလေးရောက်နေတယ်ဆိုတာ အမှန်တွေဖြစ်လို့နေတယ်။

"မတွေ့တာကြာပြီဒယ်ဒီဖားသား"

ရင်ကော့ခေါင်းမော့ပြီးဝင်လာတဲ့သားဖြစ်သူကိုကြည့်ပြီး ဗြောင်ဖေဖေအနည်းငယ်တော့ခေါင်းကိုက်ချင်။

"ဘာလာရှုပ်တာတုန်း"

"ဟာ အတိတ်မေ့သလိုရွှေပျောက်သလိုမလုပ်ရဘူးလေဗျာ။ ဒယ်ဒီဖားသားပဲခေါ်ထားပြီးတော့"

"ငါဘယ်တုန်းက..."

အခုမှသတိရတာ လွန်ခဲ့တဲ့အပတ်တုန်းက မတွေ့တာကြာပြီဖြစ်တဲ့သားကိုဒီလိုကြီးရောက်ချလာမယ်မထင်ထားတာကြောင့် လောကွပ်လုပ်လိုက်ရာကစမယ်ထင်တာပဲ။

"အဟမ်း။ ကျောင်းပိတ်ရက်တွေဘာတွေမှာအိမ်လေးဘာလေးပြန်လာဦး။ မင်းမာမီ...အမ်း မင်းအန်တီကလဲမျှော်နေတာ"

"ဘာတွေခိုးချင်သေးလို့မျှော်နေလဲမှမသိတာ"

"ဘတ်ခ်ဟျွန်း သား ဒယ်ဒီကမင်းကိုငယ်ငယ်လေးတည်းကအလိုလိုက်လာခဲ့တာ။သားကို ဒီမျိုးတွေအထိမပြောချင်ပေမယ့် သား
အန်တီက သားနဲ့အဆင်ပြေဖို့ကြိုးစားနေတာပါ။ သားအသိမှတ်မပြုချင်တောင် သူ့ကိုမစော်ကားပါနဲ့။ နောက်ပြီး ဖြစ်ခဲ့တဲ့ကိစ္စတွေကလည်း သူ့မှာအခက်ခဲဖြစ်သွားလို့ရွေးခဲ့ရတာပါ"

"ဒယ်ဒီ မာမီ့ကိုတကယ်ချစ်ခဲ့ရဲ့လား"

"ဒယ်ဒီသားမာမီပေါ်မှာ အားလုံးတာဝန်ကျေခဲ့ပါတယ်ကွာ"

"ထားလိုက်တော့။ ဒီအကြောင်းတွေထပ်မပြောချင်တော့ဘူးဗျာ။ ဒယ်ဒီပြောထားတဲ့ AI ကိုသားကြည့်သွားချင်တယ်"

PROJECT BWhere stories live. Discover now