လူကြီးကိစ္စလုပ်ကြမယ်လေ

970 126 21
                                    

ဒီနေ့နိုးလာရတဲ့မနက်ခင်းက ခါတိုင်းမနက်ခင်းတွေနဲ့မတူဘူးဗျ။ ငှက်လေးတွေကျီကျီကျာကျာ အော်လို့လဲမဟုတ်ဘူး၊ နိုးစက်သံကြောင့်လဲမဟုတ်ဘူး၊ မျက်နှာနေထိုးလို့လဲမဟုတ်ဘူး "Good morning ဘေဘီ"ဆိုတဲ့ဆွဲဆောင်မှုရှိတဲ့အသံကြောင့်ပဲ။

"နေလို့သက်သာရဲ့လား"

နှဖူးပေါ်လက်တင်ပြီးဂရုတစိုက်မေးနေတာကတော့ နှစ်ယောက်မရှိတဲ့တစ်ယောက်သောသူကြီးပဲ။

"ဒါလင်~~"

"အင်း ကိုယ်ရှိတယ်"

အစကချွဲဦးမလို့ပါပဲ နောက်မှမနေ့ညကအကြောင်းတွေတွေးမိပြီး 'ဟပ်ချလောင်း´ ဆိုပြီးပျောက်သွားချင်သွားတယ်။​မျက်ရည်တွေပေပွပြီး ဘယ်လိုတောင်ရုပ်ဆိုးနေလိုက်မလဲ အီးဟီး။

"ဘေဘီ?"

စောင်ပုံထဲမျက်နှာပြန်ဝင်သွားတာကြောင့် ဘာဖြစ်သွားသလဲဆိုပြီး ချန်းယောလ်မှာအတည်ပြုရသေး။

"ဘေဘီရှက်နေတာ"

"ဘာလို့လဲ။ ကိုယ်နဲ့တစ်အိပ်ယာထဲအိပ်မိသွားလို့လား"

"ဟုတ်ဘူး... မနေ့ကဘေဘီကညစ်ပတ်အိုးလေးဖြစ်နေတာ အရမ်းရမ်းရုပ်ဆိုးနေမှာပဲ"

စောင်ပုံထဲကဗလုံးဗထွေးအသံလေးကြောင့်
ချန်းယောလ်ကသဘောတကျပြုံးတယ်။

"ကိုယ်မှတ်မိသလောက်တော့ ဘေဘီကဘယ်တုန်းကမှရုပ်မဆိုးပါဘူး"

"တကယ်လား"

"အင်း။ ကိုယ်ကျိန်ဆိုပြီးတောင်ပြောရဲတယ်"

နီစွေးစွေးမျက်နှာလေးမှာမျက်ရည်တွေရွှဲနေတဲ့ပုံစံလေးက ပုံမှန်အနေထားမှာဆိုရင်တောင်အကာအရံအချို့ကိုရိုက်ချိုးပစ်နိုင်လောက်တဲ့အထိ တစ်မူထူးခြားလွန်းပါတယ်။

"ဘေဘီကသတိလွတ်သွားတော့ ညစ်ပေတူးလေးဖြစ်သွားရရှာတာ။ ဘေဘီကဒါလင့်ကို လှလှပပလေးပဲမြင်စေချင်တာကို"

စောင်ပုံထဲကထွက်လာပြီဖြစ်တဲ့မျက်နှာလေးကိုအသာလေးပွတ်သပ်ပေးရင်း ချန်းယောလ်က နှဖူးပြင်လေးပေါ် နွေးထွေးလှတဲ့မနက်ခင်းအနမ်းလေးတစ်ပွင့်ချွေချတယ်။

PROJECT BWhere stories live. Discover now