ဖအေတူမအေကွဲ

866 120 5
                                    

ယနေ့အတွက် 'ရှီအန်း´စံအိမ်တော်ဟာ သာမန်နေ့များထက်ပိုအသက်ဝင်ကာ စည်ကားလျှက်ရှိသည်။

မိသားစုမိတ်ဆုံစားပွဲအမည်ရ ညစာစားပွဲဟာ စားပွဲရှည်ကြီးအပြည့်ခင်းကျင်းထားတဲ့ ဟင်းပွဲတွေနဲ့ပြည့်နေသလို အိမ်တော်ထိန်းဦးဆောင်တဲ့ ဝန်ထမ်းအချို့ဟာလည်း အမှားအယွင်းမရှိ၊သွက်သွက်လက်လက်နဲ့ စနစ်တကျပြင်ဆင်ပေးလို့နေတယ်။

"အားလုံအဆင်ပြေရဲ့လားမန်နေဂျာဂင်"

ဥက္ကဌကြီးကဒီနေ့အတွက်အချိန်ဇယားအားလုံးကိုဖယ်ထားပြီး အိမ်မှာသာနားနေရင်း ညစာစားပွဲအပေါ်အာရုံအပြည့်အဝစိုက်လို့ထားတယ်။

"အားလုံးအဆင်ပြေပါတယ်ဥက္ကဌကြီး"

"ကောင်းပြီ။ဒရိုက်ဘာဂွမ်ရောက်တာနဲ့လာပြောပေးပါ"

"နားလည်ပါပြီဥက္ကဌကြီး"

"ချန်းယောလ်ရော"

"သခင်လေးပြန်ရောက်နေပါပြီဥက္ကဌကြီး"

"ကောင်းတယ် ကောင်းတယ်"

မကြာခင်အချိန်မှာပဲ ခြံဝန်းထဲကိုဇိမ်ခံကားတစ်စီးဆိုက်ရောက်လို့လာတယ်။

"ကြိုဆိုပါတယ်မဒမ်"

"ငါ့အိမ်ဟောင်းငါပြန်လာတာ ဘာကြိုဆိုနေစရာရှိလဲ"

မဒမ်ဟန်ကဒီဇိုင်နာထုတ်နာမည်ကြီးအမှတ်တံဆိပ်ပိုက်ဆံအိတ်ကိုလက်မှာချိတ်ပြီး သူမရဲ့ကျက်သရေရှိလှတဲ့မူအတိုင်းကျော့ကျော့မော့မော့လေးလျှောက်လှမ်းကာ အိမ်ထဲကိုပုံမှန်ဆန်စွာဝင်လို့သွားတယ်။

"အိမ်တော်ထိန်း ကျွန်မကိုဟင်းပွဲစာရင်းလေးတစ်ချက်ယူလာပေးပါဦး"

ရင်းနှီးနေတဲ့စံအိမ်ထဲဝယ် စံအိမ်သခင်အဖြစ်ဆက်လက်တည်ရှိနေသေးသည့်အတိုင်းအေးအေးလူလူပင် ညွှန်းကြားလို့နေတယ်။

"အင်း အသားကင်နဲ့တွဲတဲ့ဆော့စ်ကိုအရသာလေးပြန်ပြင်ပေးပါဦး။ ပြီးတော့ ချိစ်ကချီတာ
ချိစ်ပြန်ပြောင်းပေးနော်"

"ဟုတ်ကဲ့မဒမ်"

"ခါတိုင်းသောက်နေကျ Juiceလေးတစ်ခွက်လောက်ပေးပါဦး"

PROJECT BWhere stories live. Discover now