ဧည့်သည်

823 103 45
                                    

*ဘူဘူးသတိပေးချက်!

'ဒီနေ့ရာသီဥတုမကောင်းဘူးဟေ့´

ရေခဲနန်းတော်ကစွန့်စားသူ ကနေမျှဝေလိုက်တဲ့စကားကြောင့် ဌာနတိုင်းရှိဝန်ထမ်းအားလုံး ငြိမ်ပိနေကြသလိုဟေးဟေးဟားဟားလဲမလုပ်ရဲကြ။ ရေခဲဘုရင်ကြီးရဲ့အေးခဲစေလောက်တဲ့အကြည့်တွေနဲ့ ရေခဲလိုချွန်မြနေတဲ့စကားလုံးတွေအောက်ဘယ်သူမှလည်မစင်းပေးချင်ဘူးလေ။

"ဒီနေ့မနက်ကရောက်လာတုန်းကတော့အကောင်းကြီးပါ"

အတွင်းရေးမှူးရုံးခန်းမှာ ဝန်ထမ်းလေးနှစ်ယောက်က ပင်မရုံးခန်းထဲမှာရှိနေတဲ့ ဥက္ကဌ
ပတ်ခ်ရဲ့အေးစက်နေတဲ့အငွေ့သက်တွေကြောင့် လက်မှတ်ထိုးဖို့ဖိုင်တွေတောင်ဘယ်လိုသွားပို့ရမယ်မသိ။

နောက်တော့လည်းအောက်ကနေသတင်းပို့လာတဲ့ လက်ထောက်ကြောင့်အတွင်းရေးမှူးလေးခမျာကြောက်ကြောက်လန့်လန့်နဲ့ပဲသတင်းပို့ရတော့တယ်။

"ဥက္ကဌ ကားအသင့်ဖြစ်ပါပြီ"

"နေ့လည်အစီစဥ္ တွေထဲအရေးမကြီးဘူးဆိုရင်ရွှေ့လိုက်တော့"

"နားလည်ပါပြီဥက္ကဌ"

ဥက္ကဌထွက်သွားကာမှ အကုန်လုံးသက်ပြင်းကိုယ်စီချလိုက်ကြရတယ်။

'ရှီအန်း´ ကစက်ကွင်းလွတ်သွားပေမယ့် 'ယောဒို´ ကတော့စိုးရိမ်ရေအမှတ်မှာပင်ရောက်ရှိလို့နေရဲ့။

"ရောက်ပါပြီလားသူဌေး"

သူဌေးဆိုတဲ့အသံကြားတာနဲ့ လူရုပ်ပင်မပေါ်၊မျက်လုံးတောင်မပွင့်တော့သည်အထိဖူးယောင်နေတဲ့နှစ်ယောက်က ဇက်ခနဲတုန်လို့ သတိအနေအထားပင်ပြောင်းလို့သွားတယ်။

'ယောဒို´ အဆောက်ဦးထဲဝင်လာတည်းက အေးစက်နေတဲ့အကြည့်တွေနဲ့သူဌေးကြောင့် အစ်ကိုအန်းပင် ကြက်သီးတွေထကာချွေးအေးတွေထွက်လို့လာတယ်။

"ဘယ်မှာလဲ"

"နားနေခန်းထဲမှာရှိနေပါတယ်သူဌေး"

"ရုံးခန်းထဲခေါ်ခဲ့လိုက်"

ရုံးခန်းထိပ်ကတစ်ယောက်ထိုင်ဆိုဖာပေါ်မှာခြေချိတ်ထိုင်လိုက်တာနဲ့ ဖူးယောင်နေတဲ့မျက်နှာတွေနဲ့လူနှစ်ယောက်ကိုဦးဆောင်ကာ အစ်ကိုအန်းကဝင်လို့လာတယ်။

PROJECT BWhere stories live. Discover now