ကွာရှင်းစာချုပ်

1K 125 4
                                    

"ဒီမှာဗျ မစ္စတာလိုဝီ ဖုန်းလေးခဏလောက်ငှားပေးလို့ရမလား"

မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်လုပ်ပြပေမယ့် အသုံးမဝင်လိုက်ပါဘူး။

"ဘာကိစ္စလဲ"

"ကျွန်တော့်ဖုန်းဘယ်နားထားမိတယ်မသိလို့ အဲ့တာတစ်ချက်လောက်ခေါ်ပေးဖို့အကူအညီတောင်းပါတယ်ဗျ"

"ကောင်းပြီ"

Lockဖွင့်ပြီးသားဖုန်းကမျက်နှာရှေ့တည့်တည့်ပဲရောက်လာတာကြောင့် ဟိုလူကြီးစိတ်မပြောင်းခင်မြန်မြန်ဆန်ဆန်လေးလှမ်းယူလိုက်ရတယ်။

Vibrate လုပ်ထားတဲ့ဖုန်းကဘောင်းဘီအိတ်ထဲကတုန်ခါလာတာကြောင့် မသိမသာလေးလက်နဲ့အုပ်ထားရင်း ဘာမှမဖြစ်သလိုသရုပ်ဆောင်လိုက်တော့မှဟိုလူကြီးက အကြည့်လွှဲသွားတယ်။

ဟဲဟဲဟဲ ဘယ်သူမှတ်လို့လဲ ဗြောင်ဘတ်ခ်ဟျွန်းပါ။ဖုန်းနံပါတ်ကိုတစ်ခါတည်းမှတ်ပေးလိုက်ပြီး သိသာထင်ရှားတဲ့နာမည်လေးပါရေးပေးလိုက်တယ်။

'ဘေဘီဟျွန်းနီး´ တဲ့ဘယ်လောက်တောင်လှလိုက်လဲ။

"ဖုန်းကဘယ်နားထားမိတယ်မသိတော့ဘူး။ ဒုက္ခပါပဲဗျာ"

"လူငယ်ဖြစ်ပြီးမေ့တက်လိုက်တာ"

"ဒီနေ့ကစာမေးပွဲနောက်ဆုံးရက်ဆိုတော့ အာရုံများသွားလို့ပါ"

တမင်တကာမူရာမာယာများပြတော့ အဟုတ်ထင်သွားလေရဲ့။ဒီလူကြီးက လူရိုးကြီးပါဗျာ။

"နောက်ဆို ဂရုစိုက်"

"အဲ့တာလေ ကားကြုံလိုက်စီးလို့ရမလား။ ဒီနေရာကဘတ်စ်ကားဂိတ်နဲ့လဲဝေးတယ်လေတက္ကစီခေါ်ဖို့ကလည်း ဖုန်းမရှိတော့"

"ထားတော့ မင်းလိပ်စာသာပြော"

"ဟီး ဒါဆိုကားထုတ်လိုက်တော့လေဗျ။ ကျွန်တော်ငွေရှင်းပြီးစောင့်နေမယ်"

"ကောင်းပြီ"

ရေတစ်ငုံသောက်ကာထွက်သွားတဲ့လူကြီးရဲ့အနောက်မှာ ဆိုင်ထဲကမျက်လုံးတွေကပ်ပါသွားတာများ ကြည့်မကောင်းပါဘူးနော်။

ကျသင့်ငွေမရှင်းခင် ဖုန်းထုတ်ပြီးအဝင်ခေါ်ဆိုမှုရဲ့ထိပ်ဆုံးကနံပါတ်လေးကို မြန်မြန်မှတ်ထားလိုက်ရသေး။

PROJECT BWhere stories live. Discover now