လက်ဖက်ရည်ကြမ်း

702 115 20
                                    

"အစ်မ ဘယ်လိုလုပ်မယ်တွေးထားလဲ"

ဟန်မောင်နှမနှစ်ယောက်ကတစ်ယောက်နဲ့တစ်ယောက်မျက်နှာချင်းဆိုင်ရင်း ရှေ့ဆက်ရမယ့်အစီစဥ္ တွေကိုဆွေးနွေးလို့နေတယ်။

"အဆုံးထိသွားရမှာပေါ့"

"အဲ့ဒီကောင်လေးက ပတ်ခ်သားအဖနှစ်ယောက်ထပ်တောင်အဆိပ်ပြင်းသေး။ အစ်မဟိုတစ်ခေါက်ကဟာကိုပဲကြည့်ပါလား"

ဆေးရုံကနေလစ်ထွက်သွားနိုင်တည်းက ဒီကောင်လေးကသူတို့ထိန်းလို့ရမယ့်အရာမဟုတ်ဘူးဆိုတာ ပိုတောင်သိသာလှတယ်။

"ကျွန်တော်သူ့ကိုသွားညိှနှိုင်းကြည့်မယ်"

"သူကဘယ်သူ့ဘက်ကပါလို့ထုတ်ပြမနေပေ
မယ့် သေချာပေါက်ပတ်ခ်မျိုးနွယ်ဘက်ကပဲရှိနေမှာ။ အရာရာက 50% ပဲ သူစိတ်ပြောင်းသွားမလား ဘာဆက်လုပ်မလဲဆိုတာမင်းအပေါ်မှာလဲမူတည်သေးတယ်။ သွေးကရေထက်ပျစ်တယ်"

"မိသားစုစီးပွားရေးနဲ့ အမည်ခံစီးပွားရေးဆို သေချာပေါက်မိသားစုစီးပွားရေးကပဲအဓိကမဟုတ်လား။ အစ်မစိတ်မပျက်စေရပါဘူး။ ဥက္ကဌနေရာကဟယ်ဘင်းအတွက်ဖြစ်စေရမယ်"

"ငါယုံတယ်"

ဟန်မောင်နှမကဦးတည်ရာမတူညီတဲ့အတွက်ထိုနေရာမှာပဲလမ်းခွဲခဲ့ပြီး တစ်ယောက်ချင်းစီလှုပ်ရှားကြလေတယ်။

"ဒုဥက္ကဌ ဒါရိုက်တာဟန်ရောက်နေပါတယ်"

ဥက္ကဌရုံးခန်းထဲကထိုင်ခုံမှာ ဒူးနှစ်ချောင်းတင်ကာ အားရပါးရထိုင်ပြီးဂိမ်းဆော့နေတဲ့
ဘတ်ခ်ဟျွန်းက ဂိမ်းကိုခဏရပ်လိုက်ပြီး တည်ငြိမ်လေးနက်နေတဲ့အမူရာပေါက်အောင် ထိုင်ခုံမှာခြေချိတ်ထိုင်ကာ လက်ထဲမှာလဲ ဖောင်တိန်ကိုချက်ချင်းကောက်ကိုင်ထားလိုက်တယ်။

ဒီလောက်ဆို ဥက္ကဌနဲ့တူသွားပြီမဟုတ်လား။

သူ့ကိုယ်သူတော့ ကလေးဥက္ကဌလေးဖြစ်နေမှန်းမသိရှာ။

"ဝင်ခဲ့ပါ"

တံခါးဖွင့်ပြီးဝင်လာတဲ့ ဒါရိုက်တာဟန်က ဘယ်လိုနာမ်စားသုံးပြီးနှုတ်ဆက်ရမလဲဆိုတာဇဝေဇဝါဖြစ်နေတယ်။ သူမွေးမှသူ့သားလောက်သာရှိမယ့်ကလေးကို ဒုဥက္ကဌလို့မနှုတ်ဆက်ချင်ပါ။ ဒါပေမယ့်လဲအကျိုးလိုလို့လာရတာဆိုတော့ ခံစားချက်တွေကိုဖယ်ထုတ်လို့ထားရတယ်။

PROJECT BWhere stories live. Discover now