အိမ်

725 103 16
                                    

အင်း~ မနက်ခင်းမှာနိုးထလာ... အား!! သောက်ကျိုးနည်းရိုလာကိုစတာစီးပြီး ခေါင်းဆင်နင်းခံရသလိုပဲ။နာလိုက်တာ ရင်ဘတ်ထဲကမီးခဲပဲမြိုချမိသလားမှတ်ရတယ်။

အသိစိတ်နဲ့လူနဲ့မကပ်တကပ်ဖြစ်နေတဲ့ ဘေဘီဟျွန်းဟျွန်းနီးက အိပ်ယာပေါ်မှာအပြားလိုက်ကြီးကပ်လို့နေတယ်။ပူနေတဲ့မျက်လုံးတွေကိုဖွင့်ဖို့မနည်းအားယူရုန်းကန်ပြီးတဲ့နောက်မှာ ရင်းနှီးနေကျမီးခိုးရောင်လိုက်ကာကြီးက အလင်းရောင်မဝင်အောင်စေ့ပိတ်ထားသလို နွေးထွေးတဲ့အဝါရောင်မီးအိမ်လေးသာ တစ်ခန်းလုံးကိုအလင်းရောင်ပေးထားလေတယ်။

အို့! ဒါလင့်အိမ်မှာပဲ။

ချစ်စဖွယ်မျက်နှာလေးကမျက်မှောင်တွေစုကျုံ့ထားပေမယ့် အရုပ်ဆိုးမသွား စူပုတ်ပုတ်လေးသာဖြစ်လို့နေတယ်။

နေပါဦးညကအကင်ဆိုင်သွားထားတာပါ ဘယ်လိုလုပ် အကင်နံ့တွေစွဲမနေရတာပါ
လိမ့်။

ခေါင်းလေးစောင်းပြီးကိုယ့်လက်မောင်းကိုယ် နှာလေးတရှုံ့ရှုံ့လုပ်ကာအနံ့ခံပြီးတဲ့နောက်မှာ ရွှေဉာဏ်တော်ကချက်ချင်းကိုပွင့်လင်းလာတော့တယ်။

ညက... ကုကုကာကာ... အားအား!! ကုကုကာကာ။

အသိစိတ်ကလွတ်ထွက်သွားပြီး ဆံပင်တွေကိုတောင်လက်ချောင်းလေးတွေနဲ့ဆွဲဆုပ်ထားမိသွားတဲ့အထိတုန်လှုပ်သွားပြီး အဲ့ဒီအတိုင်းတောင့်တောင့်လေးသာငြိမ်နေတော့တယ်။

ညကချစ်လှစွာသောကြီးပေါ်ကုပ်ဖဲ့တက်နေတဲ့မြင်ကွင်းကြီးကဦးနှောက်ထဲကနေ စီးရီးသဖွယ်အတန်းလိုက်ကြီးကိုထွက်လို့လာတယ်။

ငါတို့လုပ်လိုက်ကြတာလား အဲ့ဒီကုကုကာကာလေ??

ကိုယ့်ကိုကိုယ်သင်္ကာမကင်းဖြစ်သွားပြီးမှောက်ခုံလေးလုပ်နေရာကနေအားယူကာ တင်လေးတစ်ခုတည်းမြောက်သွားအောင်ထောင်လိုက်ပြီးဘယ်ညာယမ်းကြည့်လိုက်တယ်။

ဟော...ဘာခံစားချက်မှမရှိဘူးပဲ။

သေချာသွားအောင်ခါးလေးပါအစစ်ယိမ်း
ကြည့်တော့ထူးထူးဆန်းဆန်းခံစားချက်မရှိပဲ သက်တောင့်သက်သာကြီးဖြစ်နေတယ်လေ။

PROJECT BWhere stories live. Discover now