Final Boss (1)

719 114 22
                                    

ဆေးရုံရောက်သွားတဲ့အချိန်မှာ ဆရာဝန်တွေအကူအညီနဲ့ အရေးပေါ်ကုသခန်းထဲရောက်သွားပြီး အမြန်ဆုံးကုသမှုခံယူရသလို အရေးပေါ်ခွဲစိတ်မှရမယ့်အနေအထားဖြစ်လာတယ်။

"လူနာရှင် လက်မှတ်လေးထိုးပေးပါဦးနော်"

သူနာပြုလေးအခေါ်ကြောင့် ထိုင်ခုံမှာငြိမ်ငြိမ်လေးထိုင်ပြီးကြမ်းပြင်ကိုငေးကြည့်နေတဲ့
ဘတ်ခ်ဟျွန်းဘက်ကိုအားလုံးရဲ့အကြည့်တွေကတစ်ချိန်တည်းရောက်လာတယ်။

မသိစိတ်ရဲ့အသိပေးမှုကြောင့် မော့ကြည့်လိုက်တော့ မိမိကအာရုံအားလုံးကိုဖမ်းစားထားကြောင်းတွေ့လိုက်ရတယ်။

"ဘာဖြစ်လို့လဲဗျ"

"လူနာရှင်လက်မှတ်လေးလိုနေလို့ပါ။ လက်မှတ်မထိုးမချင်းခွဲစိတ်မှုကစတင်လို့မရတဲ့အနေထားမလို့ လူနာအတွက်တွေးပြီးမြန်မြန်လေးပူးပေါင်းဆောင်ရွက်ပေးဖို့မေတ္တာရပ်ခံပါတယ်နော်"

ဂျောင်ဝူးကသူ့အမေကိုကူညီခိုင်းပေးမယ်ပြောပေမယ့် ကိုယ်တိုင်ပဲလူနာရှင်နေရာမှာသဘောတူကြောင်းလက်မှတ်ချက်ချင်းထိုးပေးလိုက်တယ်။

ဒါလင်ကငါ့ရဲ့မိသားစုပဲ။ ဒါကြောင့် လူနာရှင်ကလည်းငါပဲဖြစ်သင့်တယ်။

အမြဲတမ်းဒါလင်ကမိမိအတွက်အုပ်ထိန်းသူနေရာကနေလက်မှတ်ထိုးပေးလာခဲ့တာ အခုလို လူနာရှင်နေရာကနေပြန်ပြီးလက်မှတ်ထိုးပေးရလိမ့်မယ်လို့ဘယ်လိုမှမထင်ထားဘူး။

"သူဌေးလေး ခဏလောက်အနားယူပါဦးလား"

အစ်ကိုအန်းက အားဖြည့်အချိုရည်ပုလင်းလေးလက်ထဲထည့်ပေးလာတယ်။

"ရတယ်အစ်ကိုအန်း"

ခွဲစိတ်ခန်းထဲဝင်သွားပြီဖြစ်တဲ့ဒါလင့်အတွက်စိတ်ပူနေရတာဘယ်လိုလုပ်နားနိုင်ပါ့မလဲ။

"သူဌေးသာသိရင်စိတ်ဆိုးလိမ့်မယ်ထင်တယ်။ မနားချင်တောင်ဆေးကြောပြီးပြန်လာခဲ့ပါလား သူဌေးလေး။သူဌေးက စိတ်ပူစရာမလိုတော့ပါဘူး"

ကိုယ့်ကိုကိုယ်ဘယ်လိုဘယ်ပုံဖြစ်နေမှန်းမသိပေမယ့် မြင်ရတဲ့သူတွေကဒီလိုပြောလာတော့လဲ ခဏလောက်တော့အချိန်ယူကြတာပေါ့။ ဒါလင်ကညစ်ပေတူးလေးဖြစ်နေရင် စနောက်နေဦးမှာလေ။

PROJECT BWhere stories live. Discover now