ဘေဘီဟျွန်းဟျွန်းနီးရဲ့စွန့်စားခန်း

711 100 24
                                    

"မနက်စာ"

မျက်စိရှေ့က ပူပူနွေးနွေးနို့တစ်ခွက်နဲ့ ပေါင်
မုန့်လုံးလေးနှစ်လုံးကိုကြည့်လိုက် လာပို့တဲ့ဝန်ထမ်းကိုကြည့်လိုက်နဲ့ ဘတ်ခ်ဟျွန်းခဏတော့အလုပ်များသွားရသေး။

ဟုတ်တယ်လေ ရုပ်ရှင်တွေထဲမှာဆို ဒီမောက်မောက်မာမာဝန်ထမ်းတွေက လူနာတွေငြိမ်အောင်လို့ စားစရာတွေထဲဆေးတွေထည့်ထားတာ။စားပြီးရင် ဘတ်ခနဲလဲကျပြီး နာရီတွေချီအောင်အိပ်သွားကြတာလေ။

မုန့်ထဲတော့ထည့်ရမှာမဟုတ်ဘူး အဲ့တော့ဒီနို့ကိုပယ်တယ်။

စားပြီးသွားကြောင်းမြင်တာနဲ့ဝန်ထမ်းလေးက ရေတစ်ဗူးနဲ့ဆေးအဖြူတစ်လုံးကမ်းပေးလာတယ်။

ရူးနေလို့ပေးတိုင်းသောက်ရမှာလားနော်။

"ဗီတာမင် သောက်"

လူကိုငပိန်းထင်နေလား ဒါကြီးကသေချာပေါက်အိပ်ဆေးကြီးလေ။

"ဆေးကကြီးတယ် မသောက်နိုင်ဘူး"

ဝန်ထမ်းလေးကဆေးကိုပြန်ယူကာ ပုလင်းအဖုံးမှာဖိချပြီး နှစ်ခြမ်းခွဲပေးလာတယ်။

"ကျေးဇူး"

ဆေးရုံအင်္ကျီလက်တွေရှည်နေတာကျေးဇူးတင်ရမယ်။ ပါးစပ်ထဲထည့်လိုက်သလိုနဲ့လက်ထဲကနေလျှောချပြီးအင်္ကျီထဲဝင်သွားစေကာ ပါးစပ်လေးတောင်ကျယ်ကျယ်ဟပြလိုက်သေး။

ဝန်ထမ်းလေးထွက်သွားတာသေချာပြီဆိုမှအင်္ကျီထဲကဆေးနှစ်ခြမ်းကိုခါထုတ်လိုက်တယ်။တကယ်က ဒရမ်မာတွေထဲကလို ဆေးရုံတစ်ခုလုံးဆေးခတ်ပြီးလစ်ထွက်သွားချင်ပေမယ့် သူ့မှာဒီဆေးလေးနှစ်ခြမ်းပဲရှိတာလေ ဘာလုပ်လို့ရမှာလဲ။

အကုန်လုံးကိုကိုင်ပေါက်ပစ်ရအောင်လဲ သူတို့ခါးကြားထဲကကျင်စက်တွေက ဟာသမဟုတ်။နောက်ဆုံးတော့ဆေးထားတဲ့အခန်းကိုသတိရသွားပြီး ဆေးခိုးဖို့သာရည်ရွယ်လိုက်တော့တယ်။

နောက်တစ်နာရီကြာတော့ ဆေးရုံမှာအချက်ပေးသံမြည်လာပြီး ကိုယ်ကာယလှုပ်ရှားချိန်လို့ပြောကာ ဝန်ထမ်းလေးကဆွဲထုတ်သွားတယ်။

ကွင်းပြင်ကျယ်မှာဝန်ထမ်းတွေအများအပြားရှိသလို လူနာတွေကိုလည်းအဆင့်လိုက်ခွဲထားတာကြောင့် စိုးရိမ်စရာမရှိပဲ အန္တရာယ်ကင်းနေလေတယ်။ ရှေ့မှာကိုယ်ဟန်ပြလေ့ကျင့်ခန်းလုပ်နေတဲ့ဝန်ထမ်းနှစ်ယောက်က တက်တက်ကြွကြွပေမယ့် လူနာအနည်းအကျဥ္းသာလိုက်လံလှုပ်ရှားကြတယ်။

PROJECT BWhere stories live. Discover now