ရှာလကာရည်အိုး

845 122 12
                                    

အဖိုးတန်ရွှေငါးပြဿနာပြီးသွားတော့ ဘတ်ခ်ဟျွန်းကချောင်လေးထဲမှာကပ်နေသလို
ချန်းယောလ်ကလဲအိုးတို့အမ်းတမ်းပေမယ့် မျက်နှာထူတာကြောင့်မသိသာ။

အခန်းတွင်းကလေထုကထူးဆန်းတာလဲမဟုတ်သလို အရှက်ရစရာအနေအထားလဲမကျတဲ့ ဟိုမကျဒီမကျအနေထားမှာ။ကျူးလွန်သူကဘတ်ခ်ဟျွန်းပေမယ့် ဘာမှမဖြစ်ခဲ့သလို ချောင်လေးမှာကပ်ပြီးအသံတစ်သံတောင်ထွက်မလာသလို ပါးစပ်ကလေးပေါ်ကိုလက်ကလေးနဲ့တောင်အုပ်ထားရှာသေး။

ရွှေငါးနဲ့ထိတွေ့မိသွားတဲ့လက်မှန်းတော့မသိရှာ။

"အခန်းအဆင်ပြေလား"

နောက်ဆုံးမှာတော့ ချန်းယောလ်ရဲ့အသံတောင့်တောင့်တင်းတင်းကြီးထွက်ပေါ်လာတယ်။

"ဟုတ်"

"ဒါဆိုစာချုပ်ချုပ်ကြတာပေါ့"

"လူကြီးကဟိုဘက်အခန်းမှာအမြဲနေတာလားဟင်"

"မနေဘူး"

"သားကကြောက်တက်တယ်"

နှုတ်ခမ်းလေးစူပြီးမျက်လုံးလေးပေကလပ်ပေကလပ်လုပ်နေတဲ့ဘေဘီဟျွန်းဟျွန်းနီးက အပုံကြီးချစ်ဖို့ကောင်းနေတယ်ဆိုတာ သူ့ကိုယ်သူမသိရှာ။

"မင်းကအဖိုးတန်ပစ္စည်းထားမှာဆို ဘာကြောက်စရာရှိလို့လဲ"

ချန်းယောလ်ဆိုလိုချင်တာက ပစ္စည်းပဲထားပြီးလူမနေဘူးဆိုရင်ကြောက်စရာမလိုကြောင်း​ပေမယ့် တစ်ဖက်ကဘတ်ခ်ဟျွန်းကတော့ပစ္စည်းပျောက်မှာပါကြောက်နေတာပင်။

"လူကြီးကလည်း အဖိုးတန်ပစ္စည်းဆိုမှတော့ အချိန်တိုင်းလာကြည့်ရမှာပေါ့လို့"

"အင်း။ မင်းလာမယ့်အချိန်ပြော ငါအဖော်တစ်ယောက်လွှတ်ပေးမယ်"

"လူကြီးပဲလာလို့မရဘူးလားဟင်။ လူကြီးအားတဲ့အချိန်တွေပဲလာပါ့မယ်"

အလုပ်မအားဘူးဆိုတဲ့စကားလုံးတွေက
ဂလုန်ဆန်ပြီးလည်ချောင်းထဲကိုပြန်ရောက်လို့သွားတယ်။

"ကောင်းပြီ"

"ရေး~ ဝမ်းသာပါတယ် ဝမ်းသာပါတယ် လက်ခုပ် လက်ခုပ်"

PROJECT BWhere stories live. Discover now