အချစ်စာမေးပွဲလေးမအောင်သေး

818 122 18
                                    

"ဟိုင်းဟိုင်~ ဒီနေ့ကသီချင်းဆိုပြမှာပါ"

တက်ကြွနေတဲ့အသံလွင်လွင်လေးနဲ့အတူ ငြိမ့်ငြိမ့်ညောင်းညောင်းထွက်လာတဲ့သီချင်းသံလေးကကြားရသူအပေါင်းနားဝင်ချိုသာစေတယ်။

"ဟိုင်းဟိုင်~ ဒီနေ့ကသီချင်းဆိုပြမှာပါ"

ဒီအသံလွင်လွင်လေး ထပ်ခါထပ်ခါပေါ်လာနေတာ ဒီတစ်ကြိမ်နဲ့ဆို သုံးဆယ့်ခြောက်ခေါက်ရှိနေပြီပင်။

တစ်ခေါက်နဲ့တစ်ခေါက်ရိုးမသွားတဲ့အသံလေးကိုနားထောင်ရင်း ငြိမ်ငြိမ်လေးထိုင်နေတဲ့သူတစ်ယောက်ရှိလေရဲ့။

သေချာပေါက်ကို ဘေဘီဟျွန်းဟျွန်းနီးချစ်ရတဲ့ ရေခဲလူသားကြီးပတ်ခ်ပါပဲ။

နေ့စဥ္မှတ်တမ်းလုပ်လို့ရတဲ့'100´ရဲ့ကဏ္ဍမှာတစ်နေ့တစ်မျိုးမရိုးရတဲ့ ဘေဘီဟျွန်းဟျွန်းနီးရဲ့မှတ်တမ်းပေါင်းစုံကိုအရေးတယူပြုကာတစ်ရက်ချင်းကြည့်လာခဲ့တာ ဒီသီချင်းဆိုပြတဲ့မှတ်တမ်းလေးအရောက်မှာတော့ ဖုန်းထဲသိမ်းထားပြီးထပ်ခါထပ်ခါပြန်ဖွင့်ပြီးနားထောင်မိသည်အထိပါပဲ။

တာဝန်ယူထားရတဲ့နေရာကအရေးကြီးဆုံးနေရာဖြစ်တာကြောင့် ဘယ်လိုအမှားမျိုးမှမရှိရလေအောင်ဂရုစိုက်ရသလို၊ မျက်စိဒေါက်ထောက်ကြည့်နေသည့်လူတွေရှေ့မှာလဲ ခြေလှမ်းမမှားအောင်ရပ်တည်နေရသည်ကလွယ်ကူသည့်အရာတော့မဟုတ်ပေ။

စဥ္းစားစရာတွေများနေတဲ့ကြားကနေ ခေတ္တခဏရှောင်ထွက်ချင်တာကြောင့်
'ချန်ယင်း´ အိမ်ရာကကွန်ဒိုမှာလာပြီးအနားယူနေခြင်းဖြစ်သည်။

လောကကြီးကချန်းယောလ်ကိုကောင်းကောင်းနားခွင့်မပေးလိုက်။ စဥ္းစားစရာတွေထက်ခေါင်းကိုက်စေသည့်အရာတစ်ခုဆိုက်ဆိုက်မြိုက်မြိုက်ကြီးကိုရောက်ချလာသည်။

"သခင်လေး ဥက္ကဌကြီးမူးလဲသွားလို့ပါ" ဆိုတဲ့ မန်နေဂျာဂင်ရဲ့ သတင်းပို့မှုကြောင့် ချက်ချင်းပင် 'ရှီအန်း´လက်အောက်ခံ ပုဂ္ဂလိကဆေးရုံကိုအလျှင်အမြန်ပင်သွားရတော့သည်။

ဆေးရုံရောက်ရောက်ချင်းမှာပဲ ဥက္ကကြီးအရေးပေါ်အခန်းထဲမှာဆိုတာကြောင့် ဘာဖြစ်သွားတယ်ဆိုတဲ့အကြောင်း မန်နေဂျာဂင်ကိုသာမေးမြန်းဖို့ဖြစ်လာတော့သည်။

PROJECT BWhere stories live. Discover now