ငါ့လူကြီးနဲ့တိုင်ပြောမှာ

910 141 29
                                    

နေ့ရက်တွေဟာတဖြည်းဖြည်းကုန်ဆုံးလို့သွားခဲ့ပြီး ပထမဆုံးသောနွေရာသီကျောင်းပိတ်ရက်သို့ရောက်ရှိလာခဲ့တယ်။

အပူချိန်သိပ်မမြင့်မားသေးသော်ငြား နွေရာသီရဲ့သဘာဝအတိုင်း ပူအိုက်ခြင်းဒဏ်ကိုစတင်ခံစားရပြီဖြစ်သလို နေရောင်ခြည်ကလည်းအတော်လေးကိုတောက်ပလို့နေတယ်။

ဒီလိုပူအိုက်တဲ့ရာသီဥတုမှာ ဘတ်ခ်ဟျွန်းလေးခမျာချွေးတလုံးလုံးနဲ့ပင်ပင်ပန်းပန်းလေ့ကျင့်နေရလေတယ်။

မကြာမှီသရုပ်ပြပွဲရှိတာကြောင့် နည်းပြကထွတ်ပြေးလို့မရအောင်အချောဆွဲကာ ဝါရင့်သင်တန်းသားတွေကို သရုပ်ပြပွဲမှာပြသဖို့ လေ့ကျင့်ခိုင်းလေတော့သည်။

"သရုပ်ပြပွဲပြီးရင်ယောင်လို့တောင် ဒီဘက်မလာဘူး"

ချွေးစက်တွေကြောင့်ရွှေရောင်ဆံပင်လေးဟာပိပြားနေပြီး ဖော့ပြားခင်းထားတဲ့ကြမ်းပြင်ပေါ် အသက်ကိုအသည်းအသန်ရှုကာ ပက်လက်ကြီးလှန်ပြီး နည်းပြကိုကျိန်ဆဲနေပေမယ့် နည်းပြကတော့ဂရုပင်မစိုက်ပေ။

"ပြီးရင်ပဲခေါက်ဆွဲစားရမယ်နော်"

တစ်ခါလာလဲပဲခေါက်ဆွဲ တစ်ခါလာလဲပဲခေါက်ဆွဲနဲ့ ပဲခေါက်ဆွဲဆိုင်ကိုလမ်းဖောက်ချင်နေတဲ့နည်းပြအကြောင်းမသိရင်ခက်မယ်။

"ဝက်သားချိုချဥ္ကြော်မှမပါရင် တာ့တာပဲနော်"

ဘတ်ခ်ဟျွန်းအမောဖြေနေရာမှလှမ်းအော်လိုက်ပြီး ဘေးနားမှာမှောက်ခုံကြီးဖြစ်နေတဲ့ ယွန်းချန်းတင်ပါးကိုတစ်ချက်လှမ်းကန်လိုက်တယ်။

"ဟေး ဒီနေ့ပျော်စရာသွားရှာမယ်ဆို"

ပျော်စရာဆိုတဲ့အသံကြားတာနဲ့ ယွန်းချန်းမှာ အားပြန်ပြည့်သွားပြီး လှုပ်လှုပ်ရှားရှားဖြစ်လာတယ်။

"အေး ခဏနေသန့်ရှင်းရေးလုပ်ပြီးရင်သွားကြရအောင်"

"မင်းနေရာကစိတ်ချရပါတယ်နော်"

"ရို! Bro မင်းကဘာတွေစိတ်ပူနေတာလဲ"

"ငါဒီနေ့မျက်ခုံးတွေလှုပ်နေတယ်"

"ငါသေချာစုံစမ်းထားပြီးသား"

ပျော်စရာတို့ အသစ်အဆန်းတို့ဆို ဘတ်ခ်ဟျွန်းကနှစ်ခါမခေါ်ရပေ။ ရေချိုးပြီးပါလာတဲ့အဝတ်အစားသစ်ကိုထုတ်လဲပြီးတာနဲ့ သန့်ပြန့်ပြီးလွန်စွာမှဆွဲဆောင်မှုရှိလှတဲ့ ဘတ်ခ်ဟျွန်းလေးအဖြစ်သို့ပြောင်းလဲသွားတယ်။

PROJECT BWhere stories live. Discover now