ပိကူရဲ့ကယ်တင်ရှင်

1K 150 0
                                    

"ရန်ပုံငွေကိစ္စကထင်သလောက်မလွယ်ဘူး သူဌေး ပြီးတော့ကျွန်တော်တို့ရင်ဆိုင်ရမယ့်တစ်ဖက်က 'ရှီအန်း´ဖြစ်နေတယ်"

သူဌေးရုံးခန်းထဲကခုံမှာထိုင်နေတဲ့ ဗြောင်ဂျော့ရှ်က သက်ပြင်းတစ်ချက်ချကာ လက်ထောက်လေးပြောနေသမျှကို ခေါင်း
ငြိမ့်ကာနားထောင်ရှာသည်။

"ငါတို့ရန်ပုံငွေအတွက် လိုအပ်တဲ့ပမာဏကဘယ်လောက်လဲ"

"သန်း၄၀၀ပါသူဌေး"

"ဟင်း...အဲ့ငွေတွေလှည့်လို့ရဦးမယ့်နေရာရှိလား"

"နည်းပညာရှင်အသစ်တွေခေါ်ယူထားတဲ့ကိစ္စနဲ့ တခြားပရော့ဂျက်ရော ထုတ်ကုန်တွေကပါတစ်ပြိုင်တည်းလည်ပတ်နေတော့ငွေလှည့်ဖို့ အဆင်မပြေလောက်ဘူးသူဌေး"

"ကောင်းပြီ ငါစဥ်းစားလိုက်ဦးမယ်"

လက်ထောက်လေးထွက်သွားပြီးနောက်မှာတော့ ဗြောင်သူဌေးက ခုံနောက်မှီကိုမှီချက်ပြီး လည်စီးကိုအနည်းငယ်ဖြေလျှော့လိုက်တယ်။

'ရှီအန်း´ ကဦးစီးဦးဆောင်ပြုတဲ့ အထက်တန်းနဲ့အလတ်စားလုပ်ငန်းစုတွေစုပေါင်းထည့်ဝင်တဲ့ ရင်းနှီးမြုပ်နှံမှုစီမံကိန်းရန်ပုံငွေက လွဲချော်မှုတစ်ခုဖြစ်သွားပြီး ဗြောင်သူဌေးကိုခေါင်းကိုက်စေလာသည်။

ပုံမှန်ဆိုကိုယ့်လုပ်ငန်းထဲကလှည့်လိုက်၍ရသော်ငြား ယခုမှာတော့ လုပ်ငန်းရဲ့ပရော့ဂျက်အသစ်ကစတင်လည်ပတ်နေပြီဖြစ်တာကြောင့် ရပ်တန့်ထားလို့မရနိုင်။ ဘယ်ဖက်ကကြည့်ကြည့် နစ်နာမယ့်အခြေအနေသာဖြစ်သည်။

"လက်​ေထာင်မင် ဒီနေ့အတွက်အိမ်ခြံမြေပေါက်စျေးလေးတင်ပြပေးပါဦး"

အင်တာကွန်ကနေဆက်သွယ်ပြီးတဲ့အခါမှာတော့ လက်ထောက်လေးက စာရွက်အချို့ကိုအခန်းထ​ဲသို့ယူဆောင်လာပေးသည်။

"ဒီနေ့အစည်းအဝေးရှိသေးလား"

"နေ့လည်၂နာရီမှာ ဒီဇိုင်းဌာနနဲ့အစည်းအဝေးတစ်ခုပဲရှိပါတော့တယ်သူဌေး"

သူဌေးက နားလည်ကြောင်းခေါင်းတစ်ချက်ငြိမ့်ပြလာခဲ့သည်။

"ငါ့ကို 'ရှီအန်း´ ဘက်ကတာဝန်ရှိသူတစ်ယောက်နဲ့ ချိတ်ပေးပါလက်ထောက်မင်"

PROJECT BWhere stories live. Discover now