သားပိုက်ကောင်လက်

792 111 15
                                    

အရေးပေါ်လှေကားမှာအလွမ်းသည်ပြီးတဲ့နောက်မှာ တစ်ခါတစ်လေမှမဆုံဘူး မသိကျွမ်းခဲ့ဘူးသော ခရီးသွားဟန်လွှဲများအဖြစ်သို့ပြောင်းလဲသွားကြပြီး ညစာစားပွဲနဲ့တစ်သားတည်းထပ်တူကျစေလိုက်တော့သည်။

နောက်တစ်ရက်မှာတော့ ကတိပေးထားတဲ့အတိုင်း အချိန်ပေးကာနေ့လည်စာအတူစားရင်း အချိန်တွေကိုကုန်ဆုံးစေခဲ့ပြန်တယ်။

သရုပ်ပြပွဲကနီးကပ်လာပြီဖြစ်တာကြောင့် နည်းပြကအားတိုင်းသင်တန်းပေး လေ့ကျင့်ခိုင်းဖို့ချောင်းနေတယ်လေ။ ဒါဘယ်လိုတောင် အနိုင်ကျင့်မှုကြီးပါလဲနော်။

အခုတလောစီးပွားလောကရဲ့သတင်းတွေက ဖိုရမ်မှာမမြင်ချင်မှအဆုံး ဂျပိုးကိုလိပ်ဖြစ်အောင် ချဲ့ကားရေးနေကြတာ မြင်ကွင်းတစ်ခုထဲမဟုတ်တောင် နေရာတစ်ခုတည်းမှာ လူနှစ်ယောက်ရဲ့ခြေရာလက်ရာများတွေ့မိ
ကြည့် အဲ့တာသူတို့အတွက်သတင်းပဲ။

ဘာလဲ စာအရှည်ကြီးတွေရေးပြီး လူကြိုက်များအောင်လမ်းလွဲလိုက်နေတာ၊ မမှန်ကန်တဲ့သတင်းတွေလွှင့်တဲ့သူကလွှင့် အောက်ကနေဖျာခင်း ပေါက်ပေါက်စားတဲ့သူများကလည်းတစ်စု၊ လိုရာဆွဲတွေးတဲ့တစ်စုရယ် ဦးနှောက်ကြွက်ကိုက်များရယ်တစ်စုဆိုတော့ အခုတလောဖိုရမ်ကြီးက လဟာပြင်ကကုန်စိမ်းစျေးကြီးကျလို့ပါရောလား။

ဒီကြားထဲသူများလူကြီးနာမည်ကိုအလကားကပ်ခိုစီးချင်နေတဲ့တစ်စုလဲရှိနေသေးတာ ဒီကသဘောထားကြီးစွာနဲ့မမြင်ချင်ယောင်ဆောင်ထားလို့သာနော်။

ဘာမှလာမပြောနဲ့ စိတ်ကောက်တာက တစ်ကဏ္ဍ၊ လူကြီးကိုယုံကြည်တာတစ်ကဏ္ဍပဲ လာမရောပါနဲ့နော်။ပြီးတော့ပြီးတော့ သူများလူကြီးနားကပ်ရင် ဟောဒီကဘေဘီဟျွန်း
ဟျွန်းနီးရဲ့ လက်ဝါးကြီးကိုကြည့်ထားပါနော်။ လက်ဝါးစောင်းသိုင်းနဲ့ရှင်းထုတ်ပစ်မှာ ဘာမှတ်နေလဲ။

ဒီနေ့ကိုယ်လက်မအီမသာကြီးဖြစ်နေလို့
'100´တောင်မကြည့်နိုင်ပါဘူး။ ဘေဘီ
ဟျွန်းဟျွန္းနီးလေးကသနားစရာလေးပါနော်။ လူဆိုးနည်းပြရဲ့အရမ်းရမ်းကြီးတွေအနိုင်
ကျင့်ခံနေရတာတွေခံစားနေရရှာတာပါ။

PROJECT BWhere stories live. Discover now