ချစ်လှစွာသောကြီးနဲ့တစ်ညတာ

891 139 15
                                    

Club ထဲကနေထွက်လာတော့ မျက်နှာငယ်လေးနဲ့ပြိုတော့မယ့်မိုးလေးလိုညိုးငယ်နေတာကြောင့် ချန်းယောလ်မှာ နဂိုတည်းကဆူဖို့မရှိခဲ့တဲ့စိတ်ကူးတွေဟာ ဒီအချိန်မှာပိုလို့တောင်အစရှာမရတော့ပေ။

"ဘေဘီ ကိုယ့်ကိုစကားမပြောချင်သေးဘူးလား"

ရင်ခွင်ထဲမှာခိုအားလားလေးလိုတွယ်ကပ်ကာ မျက်နှာပါဖွက်ထားတာကြောင့် ချန်းယောလ်မှာ ဒဏ်ရာတွေကိုစစ်ဆေးကြည့်ဖို့လဲမတက်သာတော့။

"ဘယ်ကိုမောင်းပို့ပေးရမလဲဥက္ကဌ"

"အမ်း 'ချန်ယင်း´ ပဲပြန်မယ်။ပို့ခဲ့ပြီးရင်နားလို့ရပြီ"

"ဟုတ်ကဲ့ဥက္ကဌ"

ကားလေးကငြိမ့်ငြိမ့်ညောင်းညောင်းလေးပဲထွက်ခွာသွားခဲ့ပေမယ့် ရင်ခွင်ထဲကချစ်စဖွယ်လေးကတော့တုပ်တုပ်မျှမလှုပ်။

ဒါဘယ်လိုလေးလဲ။

"ဘေဘီ"

"Darling ဘေဘီ့အပေါ်အမြင်တွေပြောင်းသွားပြီလားဟင်"

အမြဲလိုလိုတက်ကြွနေတဲ့ကလေးက ဒီလိုလေးဝမ်းနည်းနေတော့ချန်းယောလ်မှာမနေနိုင်မထိုင်နိုင်။

"ကိုယ်ကဘာလို့အမြင်ပြောင်းရမှာလဲ။ ကိုယ်ပြောခဲ့တဲ့စကားတွေမမှတ်မိဘူးလား မင်းလေးကကိုယ့်အတွက်ထာဝရကလေးလေးလေ"

"ဘေဘီက...ဘေဘီက ဦးနှောက်သေးသေးလေးနဲ့မစဥ္းစားဘဲလုပ်မိသွားတာ အဲ့တာက Darlingကိုအနှောက်အယှက်ဖြစ်သွားခဲ့ရင်ဘယ်လိုလုပ်မလဲဟင်"

"ဟေး ကိုယ့်ကိုကြည့်။ ကိုယ့်ရှေ့မှာဆို ဘေဘီသန်မာနေစရာမလိုဘူး အပြည့်အဝမှီခိုလို့ရတယ်။ ဒါကိုနားလည်ပြီလား"

"ဟုတ်"

"အဓိကက ထိခိုက်ဒဏ်ရာမရဘဲ ပျော်နေဖို့အရေးကြီးတာ"

လမ်းမီးတိုင်တွေရဲ့အလင်းရောင်ကြောင့် မျက်နှာနုနုပေါ်မှာပွန်းရာပဲ့ရာတွေများနေမလားလို့စစ်ဆေးကြည့်ပေမယ့် မေးနားကခြစ်ရာလေးကလွဲလို့ဘာမှမရှိတာကြောင့် တော်ပါသေးတယ်ဆိုပြီးတွေးလိုက်ပေမယ့် အိမ်ကျရင်အသေအချာစစ်ဆေးကြည့်ပေးဖို့သာဆုံးဖြတ်လိုက်တယ်။

PROJECT BWhere stories live. Discover now