အချစ်ပြိုင်ဘက်

989 131 6
                                    

နေ့လည်စာစားချိန်ဖြစ်တာကြောင့် ဆိုင်အတွင်းအခြေအနေက စားသုံးသူများနဲ့စည်ကားလျှက်ပင်။

"ကြိုဆိုပါတယ်"

ဆိုင်ထဲဝင်လိုက်တာနဲ့သွက်လက်နေတဲ့ဝန်ထမ်းတွေက အလုပ်များတဲ့ကြားကနေတလေးတစားကြိုဆိုမှုပြုတယ်။

"ဘိုကင်ချိတ်ထားပြီးသားရှိလားမသိဘူးရှင်"

"မရှိဘူး"

"ဟုတ်ကဲ့ ဒါဆိုဒီဘက်ကိုကြွပေးပါဧည့်သည်။ လူထပ်လာဦးမလားမသိဘူး"

"နှစ်ယောက်တည်းပဲ"

"ဟုတ်ကဲ့ပါ"

"လူကြီး အရင်သွားနှင့်လိုက်နော် သန့်စင်ခန်းသွားမလို့"

"အင်း ဖြည်းဖြည်း"

မျက်စိရှေ့ကနေပျောက်သွားပြီဆိုကာမှ ကောင်တာကိုအပြေးအလွှားပြေးရတော့တယ်။

"မင်္ဂလာပါ ဘာများကူညီပေးရမလဲဧည့်သည်"

"ဟိုလေ ဆိုင်မှာအချိုပွဲဝန်ဆောင်မှုရတယ်မဟုတ်လားဟင်"

"အချိုပွဲအမျိုးစားတွေက ဒီဘက်ကMenuအတိုင်းပါပဲဧည့်သည်"

"ဒါဆိုရင် စတော်ဘယ်ရီ bingsu ထဲကို ဒီဘူးထဲကလက်စွပ်လေးထည့်ပေးလို့ရမလားဗျ။ အရမ်းကိုအရေးကြီးလို့ သေချာလေးဂရုစိုက်ပေးပါနော်"

ဝန်ထမ်းလေးကအမြဲကြုံနေကျအတိုင်း လက်စွပ်ဘူးလေးကိုလက်ခံလိုက်ပြီး ဝန်ဆောင်မှုကိုအကောင်းဆုံးလုပ်ပေးမယ့်အကြောင်းပြောကြားလာတယ်။

"ဒါနဲ့လေ လက်စွပ်ကကွင်းပဲထည့်မှာလား ဘူးရောထည့်မှာလားဟင်"

"....."

ကောင်တာကဝန်ထမ်းလေးကြောင်အလို့သွားတယ်။

"ဘူးလေးကအလှလေးဆိုတော့ဘူးလေးပါထည့်ပေးချင်တာ။ လက်စွပ်ကျတော့ကွင်းလိုက်ထည့်ပေးလိုက်ရင် ဒရမ်မာတွေထဲကလို စားရင်းဗိုက်ထဲပါသွားရင်ဘယ်လိုလုပ်မလဲနော့"

တော်ကြာဗိုက်ခွဲပြီးထုတ်နေရမှဖြင့် မဖြစ်ဘူး မဖြစ်ဘူး သေချာပေါက်ကိုဘူးနဲ့ထည့်မှရမှာ။

"ဟိုလေဧည့်သည် ဘူးလိုက်ထည့်တာကျတော့ စားစရာကနည်းနည်းပဲထည့်လို့ရတော့မှာပါ။ ပြီးတော့ လက်စွပ်မြိုကျတယ်ဆိုတာ ဒရမ်မာတွေထဲကလက်စွပ်ကအသေးလေးတွေလေ ဧည့်သည်လက်စွပ်ကကျ မြိုကျဖို့မဖြစ်နိုင်လောက်ဘူးရယ်"

PROJECT BWhere stories live. Discover now