ဘေဘီပတ်ခ်[အချပ်ပို]

517 54 3
                                    

တကယ်လို့များ လက်ရှိချစ်သူထက်သင်ကအသက်ပိုကြီးခဲ့မယ်ဆိုရင်ဘာတွေပြောင်းလဲသွားနိုင်လောက်သလဲ?

တစ်ခုသောပူနွေးစပြုလာပြီဖြစ်တဲ့နွေဦးမှာ တုတ်ထိုးချိုချဥ္လေးကိုပါးစောင်ထဲငုံထားရင်း ဟူဒီခေါင်းစွပ်လေးစွပ်ထားတဲ့ဘတ်ခ်ဟျွန်းလေးတစ်ယောက် ရပ်ကွက်ဂိမ်းဆိုင်လေးရှေ့ကအကြွေစေ့ထည့်ရတဲ့ဂိမ်းစက်လေးမှာသည်းကြီးမဲကြီးဆော့နေလေရဲ့။

"အစ်ကိုကြီးမပြီးသေးဘူးလား"

8နှစ်အရွယ်ကလေးလေးတစ်ယောက်က
ဘတ်ခ်ဟျွန်းရဲ့ဘေးငုတ်တုပ်လေးထိုင်ရင်းမေးလာတယ်။

"ငါအခုမှဆော့တာနှစ်ခေါက်လားရှိသေးတာပါနော်"

"ကျွန်တော့်ကိုလဲပေးဆော့ပါဦး။ အိမ်ပြန်နောက်ကျရင်ဆူခံရမှာဆိုးလို့ ကျောင်းဆင်းတာနဲ့အမြန်ပြေးလာရတာ"

"ဟေး ငါတို့ကဘော်ဒါတွေပဲလေ ခဏလောက်တော့စောင့်ပေးပါဦး ငါဒီမယ် Final
boss နဲ့တွေ့တော့မယ်ကွ"

"ကျွန်တော်ဆူခံရရင်အစ်ကိုဒီအပွဲလဲရှုံးမှာပဲ"

"အကျင့်ပုတ်ကလေး မင်းတို့ပန်းချီအတန်းချိန်ကနောက်ကျနေတယ်လို့သာအိမ်ကိုပြန်ပြောလိုက်ကွာ။ လုံးဝမဆူခံစေရဘူး"

"တကယ်လား"

"တကယ်။ ငါ့အမေစီကထောက်ခံတဲ့စာတိုတောင်ရချင်ရင်ရသေးတယ်"

ဒီပန်းချီဆရာမသားအစ်ကိုကြီးက အလယ်တန်းကျောင်းသားတစ်စုနဲ့အဖွဲ့ကျနေတာကြာပြီ။ သူတို့ကိုအမြဲမုန့်ဝယ်ကျွေးသလို အတူတူလဲဆော့ပေးတာကြောင့် အလယ်တန်းကျောင်းသားလေးတွေရဲ့ရင်ထဲက နတ်ဘုရားအစ်ကိုကြီးပင်။

ဒီနတ်ဘုရားအစ်ကိုကြီးရဲ့ကိစ္စတိုင်းကလည်း သူတို့ကိစ္စပေမို့ ကူညီနိုင်တာရှိရင်ကူညီပေးလိုက်ကြပြီး အလဲအလှယ်အနေနဲ့ဂိမ်းဆိုင်မှာအချိန်ကြာသွားမိရင်တောင်အိမ်မှာပြန်အဆူမခံရစေဖို့အာမခံချက်ရတယ်လေ။

" 'မြို့တော်အထက်တန်းကျောင်း´ ကကျောင်းဆင်းတော့မှာ အစ်ကိုကြီးဒီအချိန်မှ
မသွားရင် ကျောင်းရဲ့အချစ်တော်လေးကိုမှီမှာမဟုတ်တော့ဘူး"

PROJECT BWhere stories live. Discover now