လူမှန်နေရာမှန်

702 87 21
                                    

*ဘူဘူးသတိပေးချက်

အဆင့်မြင့်ကုသရေးတွေကြောင့်ရော ချန်းယောလ်ရဲ့ပြင်းပြတဲ့စိတ်ကြောင့်ပါ ခြေထောက်ဒဏ်ရာဟာဒဏ်တော့အနည်းငယ်ကျန်နေခဲ့ပေမယ့် သာမန်လိုသွားလာလှုပ်ရှားပြုနိုင်နေပြီ။ နောက်ပြီး အကြွေးပြန်ဆပ်ခိုင်းဖို့စတင်ကိုင်တွယ်လာတာ အခုဆိုရင်အငယ်တန်းလေးတွေပြီးလို့ နောက်ကွယ်ကလက်ပိုင်ရှင်တွေအထိပါ ရောက်ခံနီးပင်။

"စက်ဘီးကလေးကလင်ကလင် လမ်းကြိုလမ်းကြားဝင်~ စက်ဘီးကလေးဘီးပေါက် ဒါလင်ကြီးကစိတ်တွေကောက်"

ကလေးနင်းတဲ့ဘီးသုံးဘီးတပ်စက်ဘီးလေးကို ဒူးကွေးနင်းနေရင်းကနေရပ်လိုက်ပြီး ခပ်လှမ်းလှမ်းကခုံမှာထိုင်ကာစာအုပ်ဖတ်နေတဲ့ သူကိုလဲလှမ်းရှိုးရသေး။

လူကြီးဖြစ်ပြီးကလေးကိုစိတ်ကောက်ရတယ်လို့နော်။

"ကိုယ်စိတ်ကောက်နေတာမဟုတ်ဘူး စိတ်ဆိုးနေတာ"

"အာ~"

ဒီလိုဆိုစာသားပြောင်းရမှာပေါ့ ဘာခက်တာမှတ်လို့။

"စက်ဘီးကလေးကလင်ကလင် လမ်းကြိုလမ်းကြားဝင်~ စက်ဘီးကလေးဘီးချော် ဒါလင်ကကြီးကစိတ်ဆိုးနော်။ မဆိုးပါနဲ့ဒါလင်ရယ် ဘူဘူးပေးမောင်းမယ်။ ဘူးဘူးဆိုတာ ဒါလင့်အကြိုက် ဘေဘီလေးကသိပ်သိပ်ရှက်~ အိုး!"

စက်ဘီးလေးပေါ်ကနေ​သီချင်းဆိုသလိုလိုနဲ့စနောက်နေတဲ့ဘေဘီ့ကိုခါးကနေဆွေ့ခနဲကောက်မသွားပြီး အနားကအပန်းဖြေခုံပေါ်ဖိချလိုက်တာနဲ့ သူမဟုတ်တဲ့အတိုင်း မျက်လုံးလေးမှိတ်တုပ်မှိတ်တုပ်လုပ်ကာ မေးလေးကိုချထားသေး။

မသိရင် သူအနိုင်ကျင့်ခံနေရပါတယ်ပေါ့။

"အိုး~ ဘေဘီ့ရဲ့ဒါလင်ရယ် ကြမ်းကြမ်းတမ်းတမ်းပြဇာတ်လေးတစ်ပုဒ်လောက်ဆော့ကစားချင်သလားနော်"

"ဘေဘီ"

"ဗျာ ဗျ။ ဘေဘီရှိရှိ"

"ဒီကိစ္စကို ကိုယ်စိတ်ဆိုးသင့်လားမဆိုးသင့်ဘူးလားပြောကြည့်"

"ဟွန်~ ဒါလင်ကလဲ"

"ဒီမေးခွန်းကိုမဖြေရင် ကိုယ်ဒီနေ့ဘေဘီ့ကိုလျစ်လျူရှုထားမှာ"

PROJECT BWhere stories live. Discover now