အချစ်ပြိုင်ဘက်

820 119 25
                                    

ဒဏ်ရာရသွားတာကြောင့် သရုပ်ပြပွဲမှာပါဝင်ဆင်နွှဲခွင့်မရတော့ပေ။ နည်းပြဖြစ်သူက နှမြောနေပေမယ့် ကာယကံရှင်ဘတ်ခ်ဟျွန်းမှာတော့ ပျော်ပျော်ပါးပါးကြီးကို အသင်းကနေအနားယူခဲ့လေတယ်။

ပဲခေါက်ဆွဲပဲကျွေးပြီး မတရားလေ့ကျင့်ခိုင်းတဲ့နည်းပြကြီးရေ တာ့တာပါနော်။

ယွန်းချန်းမှာလဲ ဘတ်ခ်ဟျွန်းမရှိတော့တာကြောင့် သရုပ်ပြပွဲမှာပါဝင်ပြီးလျှင် အသင်းမှအနားယူရန်စီစဥ္ထားပြီးတဲ့အကြောင်းကြားရတော့ နည်းပြမှာသွေးတက်လုနီးပါးပင်။

ဒါနှစ်ယောက်ပေါင်းပြီးနှိပ်ကွပ်တာများလား။

ချန်းယောလ်အိမ်မှာတစ်ညအိပ်ပြီးသွားတဲ့အချိန်မှာ ဘတ်ခ်ဟျွန်းလေးခမျာ ကိုယ့်ကိုကိုယ် ဖူးဖူးမှုတ်ခံထားရတဲ့ဘေဘီလေးလိုပင်ခံစားနေရရှာတယ်။

စားစရာသောက်စရာကအစ မျက်နှာသစ်သန့်စင်တာအဆုံးပါးစပ်လေးဟရုံနဲ့ အကုန်လုံးလိုက်လုပ်ပေးနေတဲ့လူကြီးကြောင့်အချစ်တွေလဲ ပိုရသလို လူကလည်းမြောက်ကြွကြွဖြစ်လာသလိုကိုခံစားနေရတယ်။

အိုး~ ဒါကအချစ်ခံရတဲ့အရသာလေးများလားနော်။

"နေ့လည်ဆေးသောက်ရဦးမယ်နော် အအေးတွေအရမ်းမသောက်နဲ့"

"ဟုတ် ဒါလင်"

ပတ်တီးစီးမထားတော့တာကြောင့်လှုပ်ရှားလို့ရနေပေမယ့် ယောင်ရမ်းနေတာတွေကအနည်းငယ်ကျန်နေသေးတာကြောင့်
ချန်းယောလ်ကဘာမှမထိခိုင်း။အခုလဲ ကိုယ်တိုင်ကိုယ်ကျကိုယ် အအေးဘူးမှာပိုက်တပ်ပြီးတိုက်လေရဲ့။

"ကိုယ်2နာရီလောက်ဖောက်သည်တွေနဲ့ချိန်းထားတာတစ်ခုရှိတယ်။နေ့လည်ခင်းတရေးလောက်အိပ်ရင်းကိုယ့်ကိုစောင့်နေမလား"

"လူကြီးလုပ်စရာရှိတာသာလုပ်ပါနော်။ လူကြီးအပြင်သွားတုန်း'ချောင်အန်း´ အိမ်ကိုခဏသွားလိုက်မယ်လေ"

"အင်း။ ကိုယ်လိုက်ပို့ပေးမယ်၊ ပြီးတော့ဘာမှလျှောက်လုပ်မနေနဲ့ ငြိမ်ငြိမ်လေးနေ"

"သိပါပြီဗျ"

အရင်တစ်ခေါက်လာတည်းက ကျန်ခဲ့တဲ့အဝတ်အစားအသစ်တစ်စုံကိုလဲဝတ်လိုက်ပြီးလူကြီးနဲ့အတူတူထွက်လာခဲ့တယ်။

PROJECT BWhere stories live. Discover now