အိပ်မက်ဆိုး

607 98 10
                                    

"ငါတို့မင်းသားလေး ဒီနေ့မလန်းပါလား"

အနုပညာအသင်းထဲက စီနီယာဘူးသီးလေးက ဒိန်ချဥ္ဘူးလေးချပေးပြီး ဘေးကခုံမှာဝင်ထိုင်လာတယ်။

ဒီနေ့နောက်ဆုံးအချိန်က မေဂျာတစ်ခုလုံးရဲ့နာမည်ကြီးပရော်ဖက်ဆာအချိန်ဖြစ်တာကြောင့် စီနီယာတွေရော၊ ဂျူနီယာတွေပါစုပေါင်းအတန်းတက်ကြသည်ဖြစ်ရာ အနုပညာအသင်းကအသင်းသားတွေအကုန် တစ်စုတစ်စည်းတည်းနေရာယူထားတာကြောင့် မလန်းမဆန်းဖြစ်နေတဲ့ဘတ်ခ်ဟျွန်းလေးကိုသတင်းမေးကြလေရဲ့။

"စီနီယာရယ် ပင်ပန်းချက်ကတော့လက်ဖျားခါတယ်ဗျာ။မနက်ခင်းအတန်းချိန်တွေအကုန်လုံး အားအင်တွေသုံးလိုက်ရတာအခုမရှိချင်တော့ဘူး"

"ဒါဆိုရင်လဲ အချစ်တွေနဲ့အချိန်မှီပြန်အား
ဖြည့်သင့်တယ်နော်"

ဒီစီနီယာက ဘတ်ခ်ဟျွန်းအထက်တန်း
ကျောင်းသားဘဝတည်းက သိလာတဲ့အွန်လိုင်းသူငယ်ချင်းဆိုတော့ အချစ်ရေးကအစအပေါ်ယံတော့သိနေသည်။

"သေချာပေါက်ကိုဗို့အားအပြင်းဆုံးက အချစ်ပဲလေ"

နေ့လည်က ပြင်ပလုပ်ငန်းခွင်သွားမယ်ဆိုပြီးစာပို့ခဲ့တာ အခုနဲ့ဆို 3 နာရီလောက်ရှိနေပေ
မယ့် စာတိုတော့ထပ်မရောက်လာသေး။ အင်းလေ အလုပ်များရှာမှာပေါ့ ဒါလင်က ဥက္ကဌပဲဟာ။

ဒိန်ချဥ္ကိုနှစ်လုတ်တည်းနဲ့အပြောင်ရှင်းလိုက်ပြီး အားပြန်ဖြည့်ကာ စိတ်ထဲကနေကြွေးကြော်လိုက်တယ်။

ညရောက်ရင်ဒါလင့်ရဲ့အကြင်နာတွေနဲ့အားပြန်ဖြည့်ရမယ်ကွ။

ညစာအတွက်ဆိုင်ကြိုတင်မှာထားတာကို သေချာသွားအောင်ပြန်စစ်ပြီးသွားတဲ့နောက်မှာ 1နာရီစာ စာသင်ချိန်ကိုအာရုံစိုက်ဖို့ ဘေဘီဟျွန်းဟျွန်းနီးကအဆင်သင့်​ြဖစ်လို့နေပါပြီနော်။

စိတ်ဝင်တစားနားထောင်ပြီး 2x speed နဲ့ လက်ချာလိုက်အပြီးမှာ 1 နာရီစာ စာသင်ချိန်ကပြီးဆုံးလို့သွားတော့တယ်။

"ဘတ်ခ်ဟျွန်းဒီနေ့အဆောင်လိုက်မှာလား"

အဆောင်မှာမနေတော့ပေမယ့် ယွန်းချန်းနဲ့
ဂျောင်ဝူးကနေနေသေးတာကြောင့် စာသင်ချိန်ပြီးတိုင်း အဆောင်ကိုလိုက်လည်လေ့ရှိတယ်။

PROJECT BWhere stories live. Discover now