အသက် ငါး နှစ် ဝန်းကျင်သာ ရှိသေးသည့် ' နေသူရိန်မင်းခန့် ' ဟာ အဖေ မြန်မာ၊ အမေ ဂျပန်က မွေးဖွားလာသော ဂျပန် နိုင်ငံသား တစ်ယောက် ဖြစ်၏။ သို့ပေမယ့် ဖခင်ဖြစ်သူ ဦးနေမင်းခန့်၏ မြန်မာ ပြည်တွင်းမှာ အခြေစိုက်သော လုပ်ငန်းပေါင်း များစွာကြောင့် သူ နေထိုင်ရာ ကျိုတို ပြည်နယ်မှ မြန်မာ နိုင်ငံသို့ ပြောင်းရွှေ့ခဲ့ရသည်။
နေသူရိန်မင်းခန့်၏ အစ်မဖြစ်သူ ' မာယာဆူး ' ဟာ ဂျပန် နိုင်ငံအပေါ် သံယောဇဉ် ရှိလှသည်။ ထို့အပြင် ဂျပန် သံရုံးမှာ သံအမတ် တစ်ယောက် ဖြစ်ဖို့အထိ စိတ်ကူးထားသော သူမ ရည်မှန်းချက်ကြောင့် မြန်မာနိုင်ငံကို လိုက်ဖို့ ငြင်းဆန်ခဲ့သည်။ မောင်နှမ နှစ်ယောက်ကို တကွဲတပြား မဖြစ်စေချင်ပေမယ့် စီးပွားရေး လုပ်ငန်းရှင် ပီသသော ဦးနေမင်းခန့်ဟာ ရှေ့ရေးကို ကြိုတွေးပြီး သမီးဖြစ်သူ၏ ဆန္ဒကို ကန့်ကွက်ခြင်း မရှိခဲ့။
သားဖြစ်သူ အရွယ် ရောက်သည့်အခါ ဂျပန် နိုင်ငံ၌ Business Management ပညာရပ်ကို သင်ယူချိန် အစ်မရင်း တစ်ယောက်လုံး အနားမှာ ရှိနေခြင်းက ဦးနေမင်းခန့်အတွက် စိတ်ချရသည်။ ထိုတင်မက နောင်တစ်ချိန် ခရီးသွား လုပ်ငန်းအတွက် ဂျပန် နိုင်ငံတွင် ရင်းနှီး မြှုပ်နှံဖို့ တွေးတောထားသော စိတ်ကူးကိုပါ အကောင်အထည် ဖော်ဆောင်ဖို့ အခွင့် သင့်သည်။ ထို့အတွက် ပိုင်ဆိုင်သင့်သည့် အမွေ အားလုံးကို မာယာဆူးထံ လွှဲပြောင်းပေးပြီး အဘွားဖြစ်သူ မီချီကိုနှင့် အတူ ဂျပန် နိုင်ငံ တိုကျို မြို့ကြီးမှာ အခြေချ နေထိုင်စေခဲ့သည်။
ကလေး အရွယ်သာ ရှိသေးသည့် နေသူရိန်မင်းခန့်က အစ်မဖြစ်သူနှင့် အချိန် အကြာကြီး ခွဲခွာရမှာကို မသိဘဲ မိဘ နှစ်ပါးနှင့် အတူ လေယာဉ်ကြီး စီးဖို့ လေဆိပ်ထဲ စိတ်လှုပ်ရှား ပျော်ရွှင်နေခဲ့သည်။
ဒီလိုနှင့် ဂျပန်မြန်မာ ကပြားလေး နေသူရိန်မင်းခန့် တစ်ယောက် မြန်မာ နိုင်ငံ မန္တလေးမြို့ကို ရောက်ရှိလာပြီး ရေခဲတုံးလို အေးစက်တတ်သော ရှမ်းတရုတ် ကောင်လေး ဝေယံအောင်နှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။
YOU ARE READING
SUN { Season 1 }
RomanceChoose me or Lose me ? I don't want to be your second CHOICE ! Start Date : 4th Feb 2022 End Date : 4th Nov 2022