Unicode - 4

29.7K 2.6K 256
                                    

ပတ်ဝန်းကျင်က ဆွေးမြည့်စွာ အုံ့အုံ့ဆိုင်းဆိုင်း။
ကျောင်း၏ တိတ်ဆိတ် ချောင်ကျသော နေရာ။

နံရံပေါ် လှလှပပ တွယ်ငြိနေသည့် နွယ်ပင်တွေက အန္တရာယ်၏ အငွေ့ အသက်ကို မရိပ်စားဘဲ မျက်လွှာချ တိတ်ဆိတ်လို့ နေသည်။

"ရုပ်ရည်က . . ဟက်၊ မိန်းကလေးအတိုင်းပဲကွာ"

ရှေ့မှာ ရှိနေသော အုပ်စုကို ရွံရှာ မုန်းတီးစွာ ကြည့်မိသည့် ဝေယံ၏ မျက်လုံးများက စက်ဆုပ်ဖွယ် ကောင်းသော မစင်ပုံ တစ်ခုကို တွေ့လိုက်ရသလို။

"ငါ့ကို အဲ့ဒီအကြည့်နဲ့ လာမကြည့်နဲ့"

ဝေယံ၏ မေးဖျားကို ခပ်ကြမ်းကြမ်း ဖိညှစ်ရင်း အားပါပါ လှုပ်ခါနေသည့် လူငယ်၏ အကြည့်များက ကျေနပ်နေဟန်။

နောက်ကျောဘက်မှ ချုပ်ကိုင်ထားသော လက်ကောက်ဝတ်၏ နာကျင်မှုသည် ရုန်းကန်မှုကြောင့် ပိုမို အသက်ဝင်လာသည်။ ဝေယံ တစ်ကိုယ်လုံး မီးမြှိုက် ခံရသည့် ကြိုး တစ်ချောင်းလို ကွေးကောက်သွားသည်။

"အား . ."

"ဟေ့ကောင်တွေ တော်တော့၊ ငါတို့ ရုံးခန်း ရောက်ကုန်မယ်"

သူတို့ အုပ်စုထဲမှ ခန္ဓာကိုယ် ညက်သော အရပ်ပုပုနှင့် လူငယ် တစ်ယောက်က ပတ်ဝန်းကျင်ကို အကဲခတ်ရင်း စိုးရိမ်စွာ ပြောလာသည်။

"ရောက်လည်း ဘာဖြစ်လဲကွ"

"အေးလေ၊ မရောက်ဖူးတဲ့ နေရာမှတ်လို့၊ ကြောက်ရင် ပြန်ကွာ"

ထိုသူငယ်ချင်း အုပ်စုသည် ချမ်းသာသော မိသားစု နောက်ခံဖြင့် ကျောင်းတွင် ထင်ရာစိုင်း ဆိုးသွမ်းနေသော ဇိုးများ ဖြစ်သည်။ အမြဲ တစ်ခု မဟုတ် တစ်ခု ပြဿနာ ရှာတတ်ပြီး အားနည်းသူများကို ပစ်မှတ်ထားကာ အနိုင်ကျင့်တတ်ကြသည်။ တိုက်တိုက်ဆိုင်ဆိုင် ယနေ့ ကျောင်း ဆင်းချိန် တစ်ယောက်တည်း အိမ် ပြန်နေသည့် ဝေယံနှင့် မျက်နှာချင်းဆိုင် ဆုံမိကြသည်။

မိန်းကလေးများကြားမှာ ရေပန်းစားပြီး ခပ်ချေချေ နေတတ်သည့် စရိုက်ကြောင့် ဝေယံက ကျောင်းမှာ နာမည်ကြီးသည်။ ထိုကျော်ကြားမှုကို အခဲမကျေ ဖြစ်နေကြသော သူတို့ အုပ်စုအတွက် ယခုအချိန်က ပညာပေးဖို့ အခွင့်သင့်သွားသည်။ ထို့ကြောင့် ' မိုးရွာတုန်း ရေခံ ' ဆိုသည့် စကားအတိုင်း ဝေယံ့ကို ပြဿနာ ရှာရန် အတင်း ဖမ်းဆွဲ ခေါ်လာကြတော့သည်။

SUN { Season 1 }Where stories live. Discover now