Unicode - 59

7.1K 571 162
                                    

ဝေယံ အိပ်ရာမှ နိုးတော့ အချိန်က နောက်ကျနေခဲ့ပြီ။
    
သို့သော် ချစ်ရသူနှင့် ပြန်လည် သင့်မြတ်ပြီး ရင်ဖိုစရာ ကောင်းသည့် ည တစ်ညကို ပိုင်ဆိုင်ခွင့် ရခဲ့တာကြောင့် စိတ်ထဲမှာ ကြည်နူး အေးချမ်းနေ၏။ နှုတ်ခမ်းများကပါ ထိန်းမရအောင် မခို့တရို့ ပြုံးမိနေသည်။

ဝေယံ မျက်နှာသစ်ပြီး အောက်ထပ်ကို ဆင်းသွားတော့ ထမင်းစားခန်းမှာ အိမ်အကူများ ပြင်ဆင်ထားသည့် မနက်စာပင် အဆင်သင့် ဖြစ်နေပြီ။ နေမင်းကြီးကို ထမင်းစားပွဲမှာ အာကာဟိန်းထက်နှင့် စကားပြောနေတာ တွေ့ရ၏။

ဝေယံ အံ့သြသွားသည်။

"ဒီစားသောက်ဆိုင်ဆို ဘယ်လိုလဲ၊ ညမြင်ကွင်း ကောင်းတယ်၊ တိတ်ဆိတ်ပြီး လူ ရှင်းတယ်"

"အင်း . . မဆိုးဘူးဘဲ၊ ဒါပေမယ့် . . အပြင်အဆင်က ရိုးလွန်းနေတယ်၊ ဆိုင် မန်နေဂျာနဲ့ တစ်ချက် ညှိပြီး နည်းနည်းလောက် ဖန်တီးကြည့်ရင် ကောင်းမလား၊ ဖန်ကန်ထဲမှာ အလှမွေး ငါး ထည့်တာ ဖြစ်ဖြစ် . . ၊ ပန်းတွေနဲ့ အလှဆင်တာ ဖြစ်ဖြစ် . ."

နှစ်ယောက်သားမှာ ပူးပူးကပ်ကပ်။
ရန်လိုခြင်း မရှိ။ အပေးအယူ မျှနေကြသည်။    
   
"ယောကျာ်းလေးက ပန်းနဲ့ သင့်တော်ပါ့မလား၊ ဝေယံက ပန်း ကြိုက်မှန်း ငါ သိပေမယ့် . . အား"

နေသူရိန်မင်းခန့် စကား ဆက်ပြောနေသည့် အာကာဟိန်းထက် ခြေထောက်ကို မသိမသာ ဖြတ်ကန်လိုက်သည်။ ဝေယံ လာနေတာကို မျက်လုံးထောင့်မှ ဖျတ်ခနဲ မြင်လိုက်ရတာကြောင့် ဖြစ်သည်။ သူတို့ ဆွေးနွေးနေသည့် အကြောင်းအရာတို့ကို ဝေယံ သိလို့ မဖြစ်။

သို့သော် အာကာဟိန်းထက်မှာ တကယ် နာသွားရသည်။

"ဘာတွေ ပြောနေကြတာလဲ"

ထမင်းစားပွဲတွင် ဝေယံ ဝင်ထိုင်လာသည်။ ဝေယံက နေသူရိန်မင်းခန့်နှင့် မျက်နှာချင်းဆိုင် နေရာတွင် ထိုင်ခြင်း ဖြစ်သည်။။ အာကာဟိန်းထက်က သူတို့ နှစ်ယောက် အလယ်မှာ။

"ဘာမှ ထွေထွေထူးထူး မဟုတ်ပါဘူး"

နေသူရိန်မင်းခန့် ဖြေလိုက်သည်။

SUN { Season 1 }Where stories live. Discover now