Unicode - 66

6.3K 459 83
                                    

အခန်းက လေအေးပေးစက် တပ်ထားတာကြောင့် သာမန်ထက် အေးမြ ချမ်းစိမ့်နေသည်။
    
သို့သော် ကုလားထိုင်ပေါ် ထိုင်လျက် လက် နှစ်ဖက်ကို ဆုပ်ခြေထားသော ဝေယံ၏ လက်ဖဝါးများတွင် ချွေးစေးများ ပြန်နေခဲ့သည်။ ဝေယံ စိတ်လှုပ်ရှားစွာ နှုတ်ခမ်းကို တင်းတင်း ဖိကိုက်ထားမိသည်။ စောင့်ရသည့် အချိန်တွေ ကြာနေပြီ ဆိုတာ မေ့ထားဖို့ အာရုံ လွှဲသည့်အနေနှင့် ရုံး စားပွဲပေါ်မှ ရေခရားကို ဆွဲယူလိုက်မိသည်။

"ယံ ရေ သောက်ချင်လို့လား"

နေသူရိန်မင်းခန့် ဆေးအညွှန်း စာရွက်များကို အလေးအနက် ဖတ်နေရာမှ စောင်းငဲ့ ကြည့်လျက် မေးလာသည်။

"အင်း . . ၊ နည်းနည်း"

ထို့နောက် ထိုင်ခုံမှ ချက်ချင်း ထကာ ရေခရားကို ကောက်ကိုင်လိုက်သည်။ ညာဘက် လက်ဖြင့် ဖန်ခရားကို ကိုင်ပြီး ကျန်လက် တစ်ဖက်က ဖန်ခွက်လွတ်ကို ယူကာ ရေလောင်း ထည့်ပေးသော နေမင်းကြီး၏ ပုံစံက ချစ်ရသူအတွက်ဆို အသေးစိတ် အရာကလေးတွေက အစ ဂရုစိုက်ပေးတတ်သည့် ခင်ပွန်း တစ်ယောက်၏ ဟန်ပန်ကို ထင်ဟပ်စေသည်။
    
ခရားထဲမှ ကျဆင်းလာသည့် ကြည်လင်သော ရေထု၏ စီးဆင်းမှုကို ဖောက်ထွင်းပြီး နေသူရိန်မင်းခန့် မျက်နှာကို ဝေယံ ငေးကြည့်နေမိသည်။ နေမင်းကြီး၏ နှစ်လိုဖွယ် ကောင်းသော မျက်နှာက ဝေယံ ခံစားနေရသည့် စိုးရိမ်စိတ်များကို တဒင်္ဂ ငြိမ်းအေးစေတာတော့ အမှန်။

"ရေခဲ မထည့်ဘူးနော်"

"အွန်း"

ဝေယံ ခေါင်းညိတ်ရင်း ကမ်းပေးလာသည့် ဖန်ခွက်ကို ယူလိုက်သည်။ ရေခဲရည်၏ ကျဉ်စိမ့်သော အအေးဓာတ်ကို မကြိုက်လှတာမို့ ရိုးရိုး ရေကိုသာ သူ သောက်မြဲ ဖြစ်သည်။

"ဖြည်းဖြည်း သောက် . ."

နေသူရိန်မင်းခန့် ဝေယံ နှုတ်ခမ်းပေါ် တင်နေသော ရေစက်များကို လက်မဖြင့် ဖွဖွကလေး ဖိသုတ်ပေးသည်။ သောက်ပြီးသွားသည့် ဖန်ခွက်လွတ်ကို စားပွဲပေါ်သို့ ပြန်ထားချိန်မှာတော့ သူတို့ စောင့်မျှော်နေခဲ့သည့် လူ တစ်ဦး အခန်းတွင်းသို့ တံခါး ဖွင့်လျက် ဝင်လာခဲ့သည်။

SUN { Season 1 }Where stories live. Discover now