Unicode - 28

13K 1K 229
                                    

ပါကင်မှာ ကား ထိုးရပ်လိုက်၏။
    
Art Store ရှိရာ Shopping Mall ထဲသို့ လှေကားထစ်များအတိုင်း အာကာဟိန်းထက် ခပ်လောလော လျှောက်လာခဲ့သည်။ ပန်းချီ ဆွဲရာတွင် လိုအပ်သည့် Crepe Paper နှင့် Easel ကို လာဝယ်ခြင်း ဖြစ်သည်။

အထဲသို့ ဝင်ဝင်ချင်း အေးစက်သော လေထုက ဆီးကြိုသည်။ သို့သော် ခန္ဓာကိုယ်ထဲရှိ သွေးများက ပတ်ဝန်းကျင်နှင့် ဆန့်ကျင်စွာ သိမ့်ခနဲ နွေးသွားသည်။ နေမင်းကြီး တစ်စင်းလို ပူပြင်းသော မျက်ဝန်း တစ်စုံနှင့် ရင်ဆိုင်မိတာကြောင့် ဖြစ်သည်။

နေသူရိန်မင်းခန့် . . . ။

တစ်ယောက်တည်း မဟုတ်။ ခပ်ချောချော ကောင်မလေး တစ်ဦးနှင့် ဈေးဝယ်ထွက်နေခြင်း ဖြစ်သည်။ အာကာဟိန်းထက် မျက်မှောင်ကြုတ်မိသွားသည်။ ရည်းစား အသစ်လား။ ဝေယံ နောက်ကွယ်မှာ နေသူရိန်မင်းခန့် ဒီလို လုပ်လိမ့်မည် ဟု သူ မထင်ခဲ့မိ။
    
အသုံးအဆောင် ပစ္စည်းတွေ စုပြုံ ထည့်ထားသော ဈေးဝယ် လက်တွန်းလှည်းကို ကိုင်ထားသည့် မိန်းကလေးမှာ မြန်မာ လူမျိုး ဖြစ်ဟန်ပင် မတူ။ အသားအရေမှာ ပန်းသွေးရောင် သန်းနေရုံမက နုညက် ဖြူဖွေးနေသည်။ ကုပ်ဝဲ ဆံပင်များကို အဖျားကလေး ကော့ထားတာကြောင့် ချစ်စရာ ကောင်းလွန်းသည့် မျက်နှာလေးမှာ အထင်းသား။

"နောက်မီး လင်းနေတာလား"

နေသူရိန်မင်းခန့် ရှိရာ အာကာဟိန်းထက် လျှောက်လာပြီး ခပ်တည်တည်နှင့် ပြောတော့ ဟက်ခနဲ တစ်ချက် ရယ်သည်။ နေဦး။ နေသူရိန်မင်းခန့် မျက်နှာမှာ တစ်ခုခု ထူးခြားနေသည်။

"ဘယ်သူလဲ Aka"

မိန်းကလေး၏ စကားသံ။ ဂျပန်လို မေးခြင်း ဖြစ်သည်။

"ရင်းနှီးတဲ့ သူစိမ်းပါ"

ဂျပန် စကားနှင့် ကိုရီးယား စကားကို ယခင် နှစ်များစွာက လေ့လာ သင်ယူခဲ့ပြီး ဖြစ်တာမို့ နေသူရိန်မင်းခန့် ပြောသည့် စကားအား အာကာဟိန်းထက် နားလည်လိုက်သည်။

"လူချောလေးပဲနော်"

မိန်းကလေးက ပြုံးကြည့်လျက် မြန်မာလို ပြောလာသည်။

SUN { Season 1 }Where stories live. Discover now