Unicode -70

6.6K 447 160
                                    

ဝေယံ တစ်ယောက် မီးဖိုခန်းမှာ အလုပ်ရှုပ်နေသည်။

မနက် ခုနစ် နာရီ ထိုးတော့မည်။ ထိုအချိန်တွေက သူ မနက်စာ ပြင်တတ်သော အချိန်များ ဖြစ်သည်။ ဟိုအရင်က မနက်စာအတွက် အသားတွေ ငါးတွေ ချက်ပြုတ်ရင်း ဟင်းပွဲများကို ဖွယ်ဖွယ်ရာရာ တည်ခင်းဖို့ အချိန်တွေ အများကြီး ရခဲ့သည်။
    
ယခုတော့ အလုပ် တစ်ခု ပိုလာခဲ့သည်။
    
ရင်သွေးလေးကို နို့ချို တိုက်ကျွေးရမည့် ကိစ္စ။
    
ကလေးတွေ၏ သဘာဝသည် အိပ်ရာမှ နိုးပါက အသံပြဲဖြင့် အော်ငိုတတ်ကြသည်။ အငို တိတ်ဖို့ဆို ချော့မြူ ကျီစယ်ရင်း နို့ တိုက်ပေးဖို့ လိုအပ်သည်။ နေယံလေး မနိုးခင် နို့ တိုက်နိုင်ဖို့အတွက်ဆို နို့ဘူးက အဆင့်သင့် ဖြစ်နေမှ ရမည်။ ထို့ကြောင့် မိသားစု မနက်စာအတွက် ချက်ပြုတ် ပြင်ဆင်မှုကို ဝေယံ အလောကြီးနေရသည်။

ကံကောင်းတာက နေသူရိန်မင်းခန့်နှင့် နန်းယုဝေသည် ဖြစ်သလိုနှင့် ရောင်ရဲတတ်ကြသူများ ဖြစ်သည်။ ထို့ကြောင့် ပြုလုပ်ရတာ ရိုးစင်း လွယ်ကူသည့် ဟင်းအမယ်များကိုသာ ဝေယံ ပြင်ဆင်ခဲ့သည်။
    
ပထမဆုံး ပေါင်မုန့် မီးကင်စက်ထဲမှာ ပေါင်မုန့် နှစ်ချပ်ကို မီး ကင်သည်။ ကြက်ဥနှင့် ဝက်အူချောင်း အနည်းငယ်ကို ဒယ်အိုးထဲ ခပ်မြန်မြန် ကြော်သည်။ မနက်စာအတွက် အရွက်သုပ်က မပါမဖြစ် ဟင်းပွဲ တစ်ခု ဖြစ်တာမို့ ပြုတ်ထားသော အာလူးသီးများကို ခပ်ပါးပါး လှီးကာ ဆလတ်ရွက်၊ ခရမ်းချဉ်သီးများကို သုံးပြီး ဖွယ်ဖွယ်ရာရာ ပြင်ဆင်ထားလိုက်သည်။ ပေါင်မုန့်နှင့် ညှပ်စားရန်အတွက် ငါးသေတ္တာ တစ်ဘူးနှင့် ပိုးစာသီး ယို တစ်ဘူးကို ဖောက်ထားလိုက်သည်။
    
မနက်စာ ဟင်းပွဲမှာ ကိုယ်တိုင် ဖျော်စပ်ထားသည့် ဖရဲသီး ဖျော်ရည်ကို ထပ်ပေါင်းလိုက်တော့ အရောင်အသွေး စုံကာ အလွန် အရသာ ရှိသည့် ထမင်းဝိုင်း တစ်ခု ဖြစ်သွားတော့သည်။

နို့ဘူး ဖျော်ရန်အတွက် ရေနွေး ပူပူကို အအေးခံထားသည့် အချိန်တွင် မီးဖိုခန်းသို့ နေသူရိန်မင်းခန့် ဝင်လာခဲ့သည်။

"မောနီး ဘေဘီ"

"ဟင့် . ."

SUN { Season 1 }Where stories live. Discover now