Unicode - 22

12.9K 1.1K 159
                                    

မကောင်းဘူး၊ မကောင်းဘူး။
နေသူရိန်မင်းခန့် တကယ် မကောင်းဘူး။

ဝေယံ စိတ်ဆင်းရဲအောင် သူ သိပ် လုပ်သည်။ ယခင် တစ်ခါက အခန်းထဲမှာ ပြောခဲ့သော စကားကို ဒီနေ့မှ အကောင်အထည် ဖော်နေ၏။ ထိုသို့ လုပ်တာကလည်း ဝေယံ ရှေ့မှာမှ။ မဟုတ်သေး။ ဒီလို ပြောလို့ မရပြန်။ တကယ်တော့ ဝေယံ ရပ်ကြည့်နေမိတာပဲ ဖြစ်သည်။ နေမင်းကြီးက သူ့ကို မြင်မှာတောင် မဟုတ်။

တံခါး ပိတ်ထားသည့် မှန်ပြတင်းဘောင်ကို ဝေယံ လက် ထောက်လိုက်သည်။ သူ ရောက်နေသော နေရာက အင်္ဂလိပ်စာ ဌာန ဒုတိယထပ်ရှိ စာသင်ခန်း တစ်ခု အတွင်းမှာ ဖြစ်သည်။ လိုက်ကာ သိမ်းထားသော ပြတင်းပေါက်မှ တစ်ဆင့် အပြင်က မြင်ကွင်းအား အပေါ်စီးမှ လှမ်းမြင်ရသည်။

ဟိုး အောက်ဘက်ဆီ၌ စိမ်းဖန်ဖန် သစ်ပင် တချို့ ရှိနေသည်။ သစ်ပင်ကြီးများ အောက်တွင် ခုံများ၊ စားပွဲများ ဖန်တီးပေးထားတာကြောင့် တက္ကသိုလ် ကျောင်းသားများနှင့် ပြည့်နေသည်။

ချစ်စဖွယ် ကောင်းလွန်းသော မြန်မာ ဝတ်စုံလေးများနှင့် မျက်နှာလေးများအား လှပအောင် ရောင်စုံ လိမ်းခြယ်ထားသော မိန်းကလေး ငါးယောက်ဟာ ထိုသစ်ပင် အောက် တစ်နေရာတွင် အုပ်စုဖွဲ့ စကား ပြောနေကြသည်။

ထိုမိန်းကလေးများ အကြားတွင် ထိုင်နေသူက နေသူရိန်မင်းခန့်။

ရယ်ရယ်မောမော စကားပြောနေပုံက နှစ်ချီပြီး မတွေ့ရသည့် ပေါက်ဖော်တွေလို။ သိပ်ကို ရင်းနှီး ကျွမ်းဝင်လွန်းနေ၏။

ကြည့်ပါဦး။

နေသူရိန်မင်းခန့် လက် တစ်ဖက်က ရွှေဝါရောင် ဆံပင်ရှည်နှင့် လှလွန်းသည့် ကောင်မလေး ပခုံးကို ဖက်ထားသည်။ နောက်လက် တစ်ဖက်က ဘေးမှ ချစ်စဖွယ် ကောင်မလေး၏ ခါး အထက်မှာ။
    
တက္ကသိုလ် ကျောင်းဝင်း အတွင်းမှာ ရှိနေလို့ပေါ့။
မဟုတ်ပါက ပေါင်ပေါ်တောင် ခေါ်ထားဦးမလား မသိ။

ရယ်နေတာလည်း နှုတ်ခမ်းတွေက နားရွက် တက်ချိတ်တော့မည်။ တစ်ချက် တစ်ချက် ထိုအုပ်စု၏ ရယ်သံလွင့်လွင့်များကို ဝေးလွန်းသည့် အကွာအဝေးကြားမှ မပြတ်မသား ဝေယံ ကြားနေရသည်။

SUN { Season 1 }Where stories live. Discover now