Unicode - 32

10.7K 918 199
                                    

ဒီနေ့ ဘောက်ဆင် အားကစား ခန်းမကို သွားဖို့ ရှိသည်။
    
ညနေ သုံး နာရီ သုံးဆယ့်ငါး မိနစ်လောက်မှာ ဝေယံ အိမ်ရှေ့၌ ဟွန်းသံ တစ်ချက်ကို နေသူရိန်မင်းခန့် ခပ်ကျယ်ကျယ် တီးလိုက်သည်။ နေမင်းကြီး ဟွန်းသံမှန်း ဝေယံ သိနိုင်အောင် ဖြစ်သည်။ သို့သော် ခါတိုင်းလို ချက်ချင်း ထွက်မလာ။ အချိန် ကြာနေသည်။

စောင့်နေရင်းမှ စိတ်မှတ်မဲ့ ဝရန်တာကို ကြည့်မိတော့ အကြည့်ချင်း ဒိုင်းခနဲ သွားဆုံ၏။

ယံ . . ။

ဝရန်တာ လက်ရန်းကို ကိုင်ထားပြီး သူ့ကို စိုက်ကြည့်နေသည်။ သူ ရှိရာသို့ ဆင်းမလာ။ အနီရောင် ပြိုင်ကား၏ ကားမောင်းသူ အနက်ရောင် မှန်တည့်တည့်ကိုသာ ကြည့်နေသည်။

နေသူရိန်မင်းခန့် ကားထဲမှ မထွက်ဘဲ ကားမှန်ကို ချလိုက်ပြီး ဟွန်းသံ နောက်တစ်ချက် ထပ်တီးလိုက်သည်။ ဒီတစ်ခါတော့ နည်းနည်း လှုပ်ရှားသွားသည်။ ထို့နောက် မျက်မှောင်ကြုတ်လျက် ဝရန်တာ တံခါးကို သူ ကြားလောက်အောင် အကျယ်ကြီး ဆောင့်ပိတ်သွားသည်။

နေသူရိန်မင်းခန့် ပြုံးမိသွားသည်။
ဝေယံ သူ့ကို စိတ်ဆိုး မပြေသေး။

မိနစ်ပိုင်း အကြာလောက်မှာ ပြေးထွက်လာသည့် ဖိနပ်သံနှင့် သံပန်းတံခါး ရွေ့သွားသံကို ကြားရသည်။ ဒီထက် ပိုကြာနေပါက အိမ်အထဲထိ ဝင်ခေါ်ဖို့ သူ ဆုံးဖြတ်ထားသည်။ သို့သော် ထိုသို့ လုပ်စရာ မလိုတော့။

ဝေယံ ကား အနား ရောက်လာသည့်အခါ သူ့ဘက်က တံခါးကို မဖွင့်ရသေးမီ နေသူရိန်မင်းခန့် ကိုယ်ကို ကိုင်းကာ အထဲမှ အရင် ဖွင့်ပေးလိုက်သည်။ ခါတိုင်းလို ကျေးဇူးပဲ ဆိုသည့် စကားအစား စံပယ်ဖြူ မျက်စောင်း တစ်ပွင့်သာ လက်ဆောင် ရလိုက်၏။ ထိုင်ခုံ ခါးပတ် တပ်ပေးဖို့ ပြင်တော့ ကြည်ကြည်ဖြူဖြူ လက်မခံ။ သူကိုယ်တိုင်ပဲ ဖိဖိစီးစီး လုပ်၏။

ကား စထွက်ချိန် ဝေယံ့ မျက်နှာကို နေသူရိန်မင်းခန့် ကြည့်မိတော့ အောက်နှုတ်ခမ်းဖျားမှာ သွေးစို့နေသော အရာ တစ်ခု။ ဖြူဥနေသည့် လည်တိုင်ထက်မှာ ညိုပြာပြာ သွေးခြည်ဥနေသော အကွက်တွေ။ မျက်နှာက စူပုပ်နေသေး၏။ နေသူရိန်မင်းခန့် ရယ်ချင်နေသည့် ကြားမှ စိတ်ကျေနပ်သွားသည်။ သို့ရာတွင် သူ တောင်းပန်မှ ဖြစ်မည်။

SUN { Season 1 }Where stories live. Discover now