Unicode - 79

5.5K 405 216
                                    

မဟာ စတူဒီယို

ဂျပန် စာလုံးများဖြင့် ခပ်ကြီးကြီး ရေးထိုးထားသော ဆိုင်းဘုတ် တစ်ခုက ခမ်းနား ထည်ဝါသော အဆောက်အဦးကြီး၏ ထိပ်၌ ဝင့်ကြွားစွာ ရှိနေလေသည်။

ကိန်းခမ်းကြီးသော အဆောက်အဦးကြီးက အထပ်များစွာ ပါရှိပြီး မိုးထိ ရောက်လုမတတ် မြင့်မားနေတာ နည်းနည်းမှ မဆန်းကြယ်။ ဂျပန် နိုင်ငံ၏ အကျော်ကြားဆုံး ဓာတ်ပုံ လက်ရာကောင်းများ ဖန်တီးနိုင်သော စတူဒီယိုများ စာရင်းတွင် မဟာ စတူဒီယိုက ထိပ်တန်းမှ ပါဝင်သည်။ သူ မတူအောင် ထီထွင် ဆန်းသစ်နိုင်သော လက်ရာကောင်းများကြောင့် မဟာက ဓာတ်ပုံ လောကတွင် သာမက အနုပညာ လောက၌ပါ နာမည် ကျော်ကြားသည်။

တချို့သော နိုင်ငံကျော် ရုပ်ရှင် ဇာတ်ကားများကိုတောင် ဤစတူဒီယို အတွင်း၌ လာရောက် ရိုက်ကူးခဲ့ဖူးသည်။ မထူးဆန်းစွာ မဟာက ရိုက်ကူးပေးသည့် ဓာတ်ပုံများစွာထဲမှ တစ်ဝက်ဟာ မဂ္ဂဇင်း ကဏ္ဍပေါ် ဖော်ပြခံရသည်အထိ လူထု၏ အာရုံကို ဖမ်းစားထားနိုင်သည်။

မဟာ စတူဒီယိုတွင် အမျိုးမျိုးသော ဓာတ်ပုံများကို ရိုက်ယူဖို့ရာ လာရောက် အပ်နှံနိုင်သည်။ သို့ရာတွင် တစ်လ ကြိုပြီး ဘွတ်ကင် ယူရသည်။ လူများစွာကို ဓာတ်ပုံ ရိုက်ပေးရတာ ဖြစ်၍ ကြိုတင် အကြောင်း ကြားထားမှသာ လိုချင်သည့် ပုံစံအတိုင်း စိတ်ကြိုက် ပြင်ဆင်ပေးနိုင်ခြင်း ဖြစ်သည်။ ပို ကောင်းတာက လိုက်ဖက်မည့် ဝတ်စုံ ဒီဇိုင်း၊ ရိုက်ယူမည့် နေရာ အပြင်အဆင်နှင့် ရိုက်ပေးမည့် ဓာတ်ပုံဆရာကိုပါ အဆင့်သင့် ရွေးယူနိုင်အောင် ဝန်ဆောင်မှု ပေးထားတာပဲ ဖြစ်သည်။

နေမင်းကြီးနှင့် အလှလေးလည်း မဟာ စတူဒီယိုသို့ ရောက်နေကြသည်။ မကြာခင် လက်ထပ်ပွဲ ကျင်းပတော့မှာ ဖြစ်၍ လက်ထပ်ပွဲ အကြို အမှတ်တရ ဓာတ်ပုံများ ရိုက်ကူးနိုင်ဖို့ လာရောက်ခြင်း ဖြစ်သည်။ မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ရန် တစ်လ ကြိုပြီး ဘွတ်ကင် ယူရတာ ဖြစ်ပေမယ့် မဟာ စတူဒီယိုမှ ပိုင်ရှင်နှင့် အာကာဟိန်းထက်တို့က အသိတွေ ဖြစ်သည်။ သူငယ်ချင်းဖြစ်သူ၏ ကူညီပေးမှုကြောင့် နှစ်ပတ်လောက် စောင့်ရုံနှင့်တင် မဟာမှာ ဓာတ်ပုံ ရိုက်ဖို့ အခွင့်အရေး ရလာခဲ့သည်။

SUN { Season 1 }Where stories live. Discover now