Unicode - 48

10.3K 849 69
                                    

မရမ်းနုရောင် ပလတ်စတစ် အထုပ်ကလေးကို ဖွင့်ဖောက်ပြီး ကြောင်စာခွက်ထဲသို့ အစာများ ထည့်ပေးချိန် အချိန်ကိုက် ခြံဝမှ လူခေါ်ဘဲလ် မြည်လာခဲ့သည်။

နာရီကို လှမ်းကြည့်တော့ ကိုး နာရီ။

ခေါ်ထားသည့် အိမ်အကူ နှစ်ယောက် ရောက်လာဖို့ဆို အတော်လေး စောနေသေးသည့် အချိန်။
    
ဝေယံ အစာထုပ်ကို တစ်နေရာ ချလျက် ကြောင်ကလေး နှစ်ကောင်အား ကွေ့ပတ် ရှောင်ကာ အိမ်တံခါးဝဆီ ရောက်သွားသည်။ စောင့်ကြည့် ကင်မရာမှ တစ်ဆင့် ခြံဝကို သူ လှမ်းကြည့်ချိန် မျက်လုံး အပြူးသား ဖြစ်သွားတော့သည်။

ဘုရားရေ . . ။

"အိုတိုးစံနဲ့ အိုကားစံပါလား"

ချက်ချင်းပဲ အဝေးထိန်း စနစ်ဖြင့် ခြံတံခါး ဖွင့်ပေးလိုက်သည်။

နေသူရိန်မင်းခန့် မိဘတွေ အိမ်ထဲ ရောက်မလာခင် ဧည့်ခံရအောင် ပျားရည် အနည်းငယ် ထည့်ထားသော သံပရာရည် ပူပူလေး နှစ်ခွက်ကို ဝေယံ အသင့် ဖျော်ထားလိုက်သည်။

ငါး မိနစ်လောက် ကြာတော့ သူတို့ ရောက်လာကြသည်။

"ကြိုဆိုပါတယ် အိုတိုးစံ"

ဝေယံ နွေးထွေးစွာ ခရီး ဦးကြိုပြုသည်။
    
"ခြံထဲကို လမ်းလျှောက်လာရတာ တော်တော် မောသွားလား"

"ကိစ္စ မရှိပါဘူး၊ တိုကျိုခြံက ပိုတောင် ကျယ်သေး . . ၊ ဒီလောက်ကတော့ အပျော့ပါ"

ဦးနေမင်းခန့် အသက်ရှူသံမှာ မပြင်း။ ပုံစံကပါ မောဟန် မပေါ်။ သို့ရာတွင် ဝေယံ အလိုက်သိရမှန်း သတိထားမိသည်။

"ဖျော်ရည် သောက်မယ်မလား အိုတိုးစံ၊ ရာသီဥတုက အေးတော့ ပျားသံပရာ ပူပူလေး ဖျော်ထားပေးတယ်"

"ကောင်းသားပဲ"

ဦးနေမင်းခန့် အပေါ်ဝတ် ကုတ်ရှည်ကို ချွတ်လျက် ဧည့်ခန်းဆီ လျှောက်သွားကာ ဆိုဖာရှည်ပေါ် ကျော မှီထိုင်သည်။ ထို့နောက် တံခါးဝမှ မိန်းမဖြစ်သူကို စကား တစ်ခွန်း လှမ်းပြောသည်။

SUN { Season 1 }Where stories live. Discover now