Unicode - 12

17.1K 1.5K 99
                                    

ဝေယံ၏ လှုပ်ရှားမှု ဟန်ပန်တွေမှာ တစ်ခုခု ကပ်ငြိနေသလို အပြုအမူများက သာမန်ထက် နှေးကွေး လေးလံနေ၏။
    
ဒီနေ့မှပဲ အိမ်ကြီးဟာ ခါတိုင်းထက် ပို၍ တိတ်ဆိတ်နေသည် ဟု ဝေယံ ထင်မိသည်။ အခန်းတွင်း၌ သူနှင့် ကြောင်ကလေး စီစီစံမှ လွဲပြီး ဘယ်သူမှ မရှိ။ ငြီးငွေ့ဖွယ် ကောင်းလောက်အောင် အခြေအနေက အေးဆေး ငြိမ်သက်နေ၏။

လွင့်မျောနေသော စိတ်များကို သူ အတင်း စုစည်းလိုက်သည်။
    
စာကြည့် စားပွဲပေါ်မှ ဖောင်တိန်ကို ကောက်ကိုင်ကာ Calculus အခန်း တစ်ခုလုံးကို အပြီးတွက်ဖို့ ဝေယံ စိတ်စောနေ၏။ စာအုပ်ထဲမှာ တစ်ခုခု ချရေးဖို့ ပြင်လိုက်သည်။ ရုတ်တရက် ထိုအရာက ဘာမှန်းမသိ ဖြစ်သွားသည်။

Trigonometric Functions ၏ Formulas ကို အလွတ် ရေးကြည့်ဖို့ ကြိုးစားသည်။ အစဖော် မရအောင် ဖြစ်သွားပြန်၏။ သင်္ချာတွက်ဖို့ စိတ်စောနေရာမှ စိတ်ရှုပ်ထွေးစွာ ဝေယံ အော်လိုက်မိတော့သည်။
    
ဒီမနက်မှာ
    
ဘာဖြစ်နေမှန်း . . . ။
    
ဘာဖြစ်ချင်နေမှန်း . . . ။
    
သူ့ကိုယ်သူ သေချာ မသိ။
သူ သိတာ ရူးချင်နေသည်ပဲ ဖြစ်၏။
    
ထိုခဏမှာပဲ တိတ်ဆိတ်နေသော အခန်းထဲ အသံ တစ်ခု ကြားလိုက်ရသည်။ တံခါးခေါက်သံပဲ ဖြစ်သည်။

"သားယံလေး၊ မေ ဝင်ခဲ့မလို့"

"ဟုတ် . . မေ၊ သား လာပြီ"

"နေ . . နေ၊ မထပါနဲ့"

အခန်းထဲသို့ ရောက်လာပြီ ဖြစ်သော ဒေါ်စန္ဒာခင်က သားဖြစ်သူကို ပြုံး၍ ဟန့်သည်။ သူမ မျက်လုံးများက ဝေယံ့အား စူးစမ်းစွာ အကဲခတ်နေကြ၏။

ဒေါ်စန္ဒာခင်က မျက်နှာချင်းဆိုင်မှ ကုလားထိုင်တွင် ထိုင်လိုက်သည်။ ခုတင်ပေါ်မှ စီစီစံက သူမကို မြင်သည့်အခါ ပြေးဆင်းလာသည်။ ထို့နောက် သူမ ဝတ်ထားသည့် ကာကီရောင် ချည်သား ထဘီပေါ် ခုန်တက်ကာ အခန့်သား ဝင်အိပ်လေတော့၏။

ဒီအိမ်ကြီးမှာ စီစီစံက ဒေါ်စန္ဒာခင်နှင့် ဝေယံတို့၏ သည်းသည်းလှုပ် ချစ်ခြင်းကို ခံရသော ကြောင်ကလေး တစ်ကောင် ဖြစ်သည်။

SUN { Season 1 }Where stories live. Discover now