Unicode - 30

14.7K 1K 154
                                    

နံနက်ခင်းသည် ည၏ တုန်လှုပ် ချောက်ချားမှုများ၊ မောပန်း နွမ်းနယ်မှုများ ပပျောက်ကာ ငြိမ်းအေး သာယာလျက် ရှိသည်။ နေရောင်နွေးနွေးက သစ်ရွက်များ အကြား ကျဆင်းနေပေမယ့် ခန်းဆီး လိုက်ကာစကို ထိုးမဖောက်နိုင်သေး။ 
  
မျက်လုံးများကို ဖွင့်မိချိန် မြင်ကွင်းအား ရှင်းရှင်းလင်းလင်း မမြင်ရ။ အိပ်ခန်းကိုသာ ဝေဝါးဝါး တွေ့ရသည်။
    
ဘယ်ဘက် လက်မောင်းထက်မှာ
လေးလံ ညင်သာသော အာရုံ ခံစားမှု တစ်ခု။

သူ မက်မောစွာ မြတ်နိုးသော သက်ဝင်မှု တစ်ခုလို့ ပြောပါက မမှား။

ပိုးပဝါလို နူးညံ့ အိစင်းနေသည့် ဝေယံ၏ မဟူရာ ဆံစများကို နေသူရိန်မင်းခန့် နမ်းရှိုက်လိုက်သည်။ ရင်းနှီးလွန်းသော မွှေးရနံ့က ပြိုဆင်းလာတော့၏။ နေမင်းကြီး လက်မောင်းပေါ် နှစ်ခြိုက်စွာ ဝေယံ အိပ်မောကျနေခြင်း ဖြစ်သည်။

အိပ်ပျော်နေသည့် ကောင်လေးကို
နေသူရိန်မင်းခန့် ငြိမ်သက်စွာ အုပ်မိုး ကြည့်နေမိသည်။
    
ဖန်ချောင်း မီးရောင် အောက်မှာ ဆွဲဆောင်နိုင်လွန်းသည့် ဝေယံ၏ မျက်တောင်များက ကော့ကော့ကလေး မဟုတ်ဘဲ ရှည်စင်းနေသည်။ အညိုရင့်ရောင် ရှိသော မျက်ခုံးထူထူက ဖြောင့်စင်းသည့် နှာတံကြောင့် ထင်းခနဲ။ ဖြူလွန်းသော အသားအရေ ရှိသူမို့ ပါးပြင်နှင့် နှုတ်ခမ်းများက ပန်းရောင် သန်းချင်နေသလိုလို။

ခြုံငုံရပါက
ဝေယံ၏ မနက်ခင်း အလှက
ဂန္ထဝင် လက်ရာမြောက်သည့် ပန်းချီကား တစ်ချပ်အား
ကြည့်ရှုရသလို နှစ်လိုဖွယ် ကောင်းလွန်းသည်။

ညက ညဥ့်နက်မှ အိပ်ပျော်ခဲ့တာကြောင့် ဖြစ်မည်။ စားပွဲတင် နာရီက မနက် ၈ နာရီ ကျော်နေပြီ ဖြစ်ပေမယ့် ဝေယံ ယခုထိ မနိုးသေး။ လည်တိုင်ကို သူ ငုံ့နမ်းလိုက်တော့မှ ရှိုက်သံ ထွက်ပြီး နိုးလာသည်။

"ဘယ်အချိန်ထိ အိပ်မှာလဲ ယံ၊ ကျွန်တော် စောင့်နေတာ ကြာပြီနော်"

"အိပ်ချင်သေးတယ်"

"ကိုး နာရီ ထိုးတော့မယ်"

SUN { Season 1 }Where stories live. Discover now